{5}
ဆောင်းဝင်စမို့ အအေးဓာတ်က သာမာန်ထက်
ပိုလို့လာသည်။အရင်ချိန်တွေဆို မနက်ခင်း
နေရောင်ခြည်က ပြတင်းပေါက်လေးမှတဆင့်
ရိပေါ်အိပ်ယာလေးထက် ကျရောက်နေပြီး
သူ့တစ်ကိုယ်လုံးကို နွေးထွေးစွာ ရစ်ခြုံပေးထား
တတ်ပေမဲ့ ယခုတော့ ရိပေါ်အိပ်စက်ရသည့်
နေရာကား သူ့အိပ်ယာနွေးနွေးလေး၏ အဝေးမှာ။အရင်လို အိပ်ယာလေးထဲ လူးလိမ့်ကာ
စည်းစိမ်ခံချင်သေးပေမဲ့ အနွေးဓာတ်က
အလုံအလောက်မရထားတာမို့ ဆက်အိပ်ဖို့
ဆိုတာ မဖြစ်နိုင်တော့။ထို့ကြောင့် စောင်ပုံထဲမှ
လူးလဲထရင်း မျက်နှာသစ်ဖို့ပြင်ရသည်။မျက်နှာသစ် ကိုယ်လက်သန့်ရှင်းရေး လုပ်ပြီးသည်နှင့် အိမ်ရှေ့ထွက်ကာ သူ့တာဝန်အရ
တောကောင်လေးတွေကို အစာကျွေးဖို့
ပြင်ရသည်။ဒါမနက်တိုင်း ရိပေါ်ပြုနေကြ
တာဝန်တစ်ခု။သို့ပေမဲ့ မနေ့က ထိုလူစိမ်းကြောင့်
တောကောင်လေးတွေ အိမ်နားမကပ်ရဲကြတော့
သလို ရိပေါ်လည်း အစာကျွေးဖို့တာဝန်ပျက်ကွက် ခဲ့ရသည်။ဒီနေ့တော့ သေချာလေး
ဂရုစိုက်ပေးမှ ဖြစ်မှာကြောင့် ဆန်နှင့်အရွက်တစ်ချို့ ယူပြီး အိမ်ရှေ့ထွက်လာခဲ့လိုက်သည်။သွားရင်း ကုတင်ပေါ်မှလူကို လှမ်းကြည့်မိတော့
ထင်ထားသလို အိပ်နေတာ မဟုတ်ပဲ
အတောင့်လိုက်ကြီးထိုင်ကာ တရားမှတ်နေတာမို့
ရိပေါ် ခေတ္တမျှအတွေးများသွားကာ နောက်ဆုံး
မှာတော့ ကိုယ်နှင့်မဆိုင်သလိုပင် ကျော်သွား
လိုက်သည်။အိမ်ရှေ့ထွက်လိုက်သည်နှင့် ထင်သည့်
အတိုင်းပင် ကိုယ်တော်ချောတို့က သစ်ပင်ပေါ်မှာ
ပကျိပကျိစလုပ်နေလေပြီ။တောကောင်ငယ်လေး
တွေသည်လည်း ဟိုခြုံပုန်း၊ဒီခြုံပုန်းနှင့် သူထွက်
လာတာကို စောင့်နေဟန်ရှိသည်။သူတို့လေးတွေကိုကြည့်ပြီး ရိပေါ်သဘောကျစွာ
ရယ်မောရင်းမှ ဆန်ပုံးထဲမှဆန်တစ်ချို့ကို
လက်တစ်ဆုပ်စာ ယူလိုက်ပြီး မြေပေါ် ကြဲချလိုက်ရင်း"အိုင်း...လာကြ။ဘာတွေ ကုပ်ချောင်းကုပ်ချောင်း
လုပ်နေကြတာလဲ?"အန္တရာယ်မရှိတာ သိသွားသည်နှင့်တပြိုင်နက်
သစ်ပင်ပေါ်မှ ငှက်လေးတွေလည်း မြေပေါ်
ဆင်းလာကြပြီး အစာကိုအလုအယက်
ကောက်ကြတော့သည်။ထိုနည်းတူ တောကောင်ငယ်လေးတွေလည်း သူ့အနားလာပြီး
လတ်ဆတ်သည့်အရွက်တွေကို တိတိလာကိုက်စား ကြသည်။
![](https://img.wattpad.com/cover/291215613-288-k611230.jpg)
YOU ARE READING
Venus(Completed)
Fanfictionသိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး.....