ရင်ခုန်ခြင်း အစ(ရင်ခုန်ခြင်း အစ)

3.6K 641 32
                                    

ထိုနေ့က သူတို့အိမ်ပြန်ရောက်တော့ ရိပေါ်က
ရှောင်းကျန့်အတွက် သူ့အိပ်ယာကို အပိုင်စားပေးလိုက်သည်။သူကတော့ မီးဖိုချောင်နားက အခန်းကျဉ်းလေးမှာ နေပြီး အအေးဒဏ်ကို ခံရဉီးမှာပင်။

ယောင်္ကျားသားကြီး နှစ်ယောက်အတွက်
အိမ်လေးဟာ ကျဉ်းလွန်းသည်မှာ ပြောစရာမလိုအောင်။ရှောင်းကျန့် အခန်းထဲမှ ထွက်သည်နှင့် ရိပေါ်အခန်းတံခါးရှေ့ ရောက်နှင့်ပြီးသား
ဖြစ်နေပြီး အခန်းနှစ်ခန်း၏ထောင့်ချိုးလေးမှာ
သောက်ရေအိုးစဉ်လေး ထားထားသည်။
အမြဲတမ်း အေးမြနေစေဖို့ ရိပေါ်စိုက်ထားသည့်
စပါးပင် ပုစိလေးတွေကို ထိုလူက လျှာရှည်ခွာရှည်လုပ်ပြီး နှုတ်ပစ်ခဲ့သေးတာကိုတော့
မပြောချင်တော့ပါ။

မနက်ခင်း မိုးလင်းလျှင် ရိပေါ်က ဆေးကျို၊
ဈေးသွား၊ပြန်လာပြီး ချက်ပြုတ်နေချိန်အထိ
ထိုလူက အခန်းအောင်းနေခဲ့ပြီး စားချိန်တန်လျှင်တော့ မျက်နှာကြောတင်းတင်းဖြင့်
လာထွက်စားတတ်သည်။ပြီးလျှင် အခန်းထဲ
ပြန်ဝင်သွားပြီး တရားထိုင်တာလိုလို၊ဘာလိုလိုနှင့်
လုပ်နေပြီး ရိပေါ်မှာ သူ့အလုပ်အကျွေး
ဖြစ်မှန်းမသိ ဖြစ်လို့သွားသည်။

ထိုကဲ့သို့ နှစ်ရက်လောက် အချိန်ကုန်ပြီးချိန်မှာတော့ မျက်နှာချင်းဆိုင် စကားပြောဖို့ ထိုလူ့
အခန်းထဲ ဝင်လာခဲ့လိုက်သည်။ကုတင်ပေါ်မှာ
ထိုင်နေသည့် ထိုလူက သူဝင်လာတာကို
တွေ့တော့ ဘာစကားမျှမဆို။

"စကားပြောရအောင်"

"မအားဘူး!"

"ငုတ်တုတ်ကြီး ထိုင်နေတာကို ဘာမအားတာလဲ"

"ငုတ်တုတ်ထိုင်နေရလို့ကို မအားတာ"

ရိပေါ် ဒေါသထွက်လွန်းလို့ လက်မွှေးတွေတောင်
ထောင်ကုန်ပြီလား ထင်ရသည်။ဒီလူရဲ့
အချိုးမပြေတဲ့ အတိုင်းအတာက သေးသေးလေးတော့ ဟုတ်မနေပါ။

"ဒီမှာ။ခင်ဗျားက အခု ဘယ်ကနေကျလာမှန်း
မသိတဲ့ အခြေအမြစ်မရှိတဲ့လူနော်။အရင်က
မင်းသားလေးဖြစ်ခဲ့ရင်တောင် အခြေအနေနဲ့
အချိန်အခါကိုကြည့်ပြီး နေတတ်ရတယ်ဆိုတာ
မသိဘူးလား။"

Venus(Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ