"သူ့နာမည်က ချန်းရှ။အိမ်နီးချင်း တိုင်းပြည်
တစ်ပြည်က မင်းသမီး"
ရိပေါ်၏ အစချီစကားမှာ ရှောင်းကျန့်သည်ကား
ဟန်မပျက်စားသောက်နေသည့်ပုံဖမ်းကာ
ခေါင်းငြိမ့်ပြသည်။အမူအယာမပျက်ပေမဲ့
သူ့ ရင်တွေ တုန်နေတာ သူသာအသိ။
"သူက ဒီနိုင်ငံရဲ့ ဘုရင်ဆီကို ဆက်သခံလိုက်
ရတာ။ဘုရင်အိုကြီးနဲ့ အတူမနေချင်လို့
လမ်းခုလတ်မှာ ထွက်ပြေးရင်း ကျွန်တော်နဲ့
ဆရာကြီးအတူတူနေတဲ့ ဒီအိမ်လေးကို ရောက်လာတယ်"
ဆရာကြီး ဆိုသူအကြောင်းကို ရိပေါ်တစ်ခါမှ
ပြောမပြထားဖူးတာမို့ ရှောင်းကျန့် ခေတ္တလေး
တွေဝေလို့သွားသည်။ရိပေါ်က သူ့စကားကိုပင်
သူဆက်ရင်း....
"ဆရာကြီးက ကျွန်တော့်ကိုလည်း ကောက်ယူ
မွေးစားထားတာ။ပြီးတော့ ချန်းရှလို ဒုက္ခရောက်
နေတဲ့သူတွေကို ကူညီပေးဖို့ ဘယ်တော့မှ
မတွန့်ဆုတ်ခဲ့ဘူး။ချန်းရှက ဒီအိမ်မှာ သုံးလလောက် နေသွားခဲ့တယ်။သူ့အကြောင်းကို
ဆရာကြီးရော၊ကျွန်တော်က မေးမြန်းစွက်ဖက်တာမျိုး မလုပ်ခဲ့ကြဘူး"
ရှောင်းကျန့်ကျောတစ်ခုလုံး မတ်သွားရပြီး
ရိပေါ်ကိုသာ ခိုးကြည့်မိသည်။ဟင်းခွက်တွေကို
ငေးနေသည့် ရိပေါ်က သူ့အကြည့်တွေကို
သတိမထားမိချေ။
"ကျွန်တော်က သူ့ကို အစ်မရင်းတစ်ယောက်လို
ချစ်ခဲ့တယ်။ကျွန်တော့် ဘဝမှာ ဆရာကြီးနဲ့ပဲ
အတူရှိနေခဲ့ရတော့ အသက်အရွယ် မတိမ်းမယိမ်း အဖော်တစ်ယောက်ရလိုက်တာ
ကလေးတစ်ယောက် အရုပ်ကောက်ရလိုက်သလို
အရမ်းပျော်ခဲ့မိတာ။ဒါပေမဲ့ အဲ့အပျော်က
ကြာကြာ မခံလိုက်ဘူး။တစ်နေ့ ကျွန်တော်
ဆေးတွေ ဆိုင်မှာသွားသွင်းနေတုန်း ဘုရင့်တပ်က လူတွေရောက်လာပြီး ဆရာကြီးကို
အမေးအမြန်းမရှိ သတ်ဖြတ်သွားကြတယ်။
ပြီးတော့ ချန်းရှကို ခေါ်သွားကြတယ်။သူတို့
ထင်ခဲ့တာ ဆရာကြီးက ချန်းရှကို သွေးဆောင်
ဖျားယောင်းပြီး ဖမ်းဆီးထားတယ်လို့"
"မင်းဆရာအတွက် ဘာမှမလုပ်ဘူးလား။
သေချာပေါက် လက်စားချေသင့်တာကို"
တစ်ချိန်လုံး ငြိမ်နေသည့် ရှောင်းကျန့်က
အားမလို အားမရ ထပြောတော့ ရိပေါ်ကား
သဘောကျစွာပြုံးရင်းမှ..
STAI LEGGENDO
Venus(Completed)
Fanfictionသိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး.....
