ရြေှ့ဖစ်ဟောက တကယ်ဖြစ်လာခဲ့ပြီလား(ရှေ့ဖြစ်ဟောက တကယ်ဖြစ်လာခဲ့ပြီလား)

4.8K 703 49
                                    


ခြေသံပြင်းပြင်းနှင့် အိပ်ဆောင်ထဲဝရုန်းသုန်းကား ဝင်လာသည့် ရှောင်းကျန့်ကြောင့်
ရှောင်းဝုအနားတွင် အခစားဝင်နေသည့်
အစေခံတစ်ချို့ ခပ်ကုပ်ကုပ်ဖြင့် အပြင်သို့
ပြေးထွက်သွားကြသည်။သူနှင့် ခမည်းတော်သာ
ကျန်ခဲ့ပြီး အားလုံး အပြင်ရောက်သွားပြီ ဆိုကာမှ
ရှောင်းကျန့်၏ ဒေါသတို့ကား ပွင့်အံထွက်လာတော့သည်။

"ခမည်းတော် ဘာတွေလုပ်နေတာလဲ?"

ပုလ္လင်ပေါ်တွင် ထိုင်နေပြီးမျက်စိတွေကို
မှိတ်ထားသော ရှောင်းဝုက သူ့စကားအား
ရုတ်တရက်အဖြေမပေးလာ။အတန်ကြာသည်အထိ ထိုအနေအထားဖြင့်တစ်ချက်ကလေးပင်
မလှုပ်ပဲ သူ့အားမေးခွန်းထုတ်လာသည်။

"လမ်းမှာတွေ့ခဲ့တယ်ပေါ့။မုန့်တွေ စားကောင်းလား"

"ကျွန်တော်က အစေခံတစ်ယောက်ကျွေးတဲ့
မုန့်ကို ယူစားမယ်ထင်နေတာလား?"

ရှောင်းဝုက သက်ပြင်းအကျယ်ကြီးချလို့
မှိတ်ထားသော သူ့မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လာ၏။ထို့နောက် ပုလ္လင်ပေါ်မှဆင်းကာ
အဆောင်၏ပြတင်းပေါက်နား တိုးကပ်သွားပြီး

"ကောင်မလေးက ဟန်ဆောင်မကောင်းဘူးပဲ။
အသုံးကျမယ် ထင်ထားခဲ့တာကို"

"ဘာလို့အဲ့လိုတွေလုပ်နေတာလဲ?"

ရှောင်းဝုက ပြတင်းပေါက်အပြင်ဘက်ကို
ငေးနေရာမှ ချက်ချင်းသူနှင့်မျက်နှာချင်းဆိုင်ကို
လှည့်လာသည်။ဒေါသနှင့် မှုန်ကုပ်နေသည့်
ရှောင်းကျန့်မျက်နှာကို စက္ကန့်ပိုင်းမျှငေးကြည့်ပြီး
နောက်တွင်တော့...

"မင်းကို မိန်မိန်နဲ့ လက်ထပ်စေချင်လို့"

ရှောင်းကျန့်က ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။သို့ပေမဲ့ မောက်မာမှုတွေအပြည့်နှင့်
ထိုအပြုံးက လှပပေမဲ့ ကြောက်စရာကောင်းစွာ။

"မိန်မိန်က ခမည်းတော်အစေခံရဲ့ သမီးနော်။
သူ့အဆင့်အတန်းက ကျွန်တော်နဲ့ ထိုက်တန်မယ်
ထင်နေတာလား!"

အထက်စီးဆန်သော ရှောင်းကျန့်၏ စကားလုံးတိုင်းက ရှောင်းဝုအတွက်တော့ နားယဉ်လို့နေပြီ။
သူကိုယ်တိုင် ထိုကဲ့သို့ဖြစ်လာအောင်
ပျိုးထောင်ခဲ့သည်ဆိုပေမဲ့ ရုတ်တရက်ကြီး
ခေါက်ရိုးကျိုးလာသော အခြေအနေတစ်ခုနှင့်
သူအမြဲကြောက်ရွံ့နေခဲ့ရသော ရှောင်းကျန့်၏ အနာဂတ်ဟောကိန်းက စိတ်ပျက်စရာကောင်းအောင် လာတိုက်ဆိုင်လို့နေသည်။ထိုကဲ့သို့ ဖြစ်လာမည့်အစား သူ့သားကို
မိန်းမတစ်ယောက်နှင့် ဖြစ်သလိုထိုးထည့်ပေး
လိုက်ရတာကမှ တော်ဉီးမည်။

Venus(Completed)Onde histórias criam vida. Descubra agora