သံသရာအဆက္ဆက္မွာ(သံသရာအဆက်ဆက်မှာ)

8.6K 864 79
                                    

"ပါးပါး..."

မပီကလာ ပီကလာ ခေါ်သံလေးသည် စော်အော်လေး ထံမှ ဖြစ်သည်။ဖောင်းအိနေသော
လက်ဖဝါးလေး နှစ်ဖက်က ရှောင်းကျန့်
ပါးပင်ကို ခပ်ဖွဖွလေး ဆုပ်ကိုင်လာပြီး...

"မငို..နဲ့လေ"

သူ့မျက်တောင်တို့ ခပ်မြန်မြန်ခတ်မိကာ
မျက်ရည်အမြန်သုတ်ရင်း ပြုံးပြမိသည်။
ကလေးရှေ့မှ မငိုသင့်ဘူးဆိုတာ နားလည်ပေမဲ့
သူဘယ်အချိန်ကတည်းက မျက်ရည်ကျနေမှန်း
မသိခဲ့။ထိုမျှအထိ ရှောင်းကျန့်မှာ စိတ်နှင့်လူနှင့်
လွတ်နေခဲ့သည်။

"သား အိပ်တော့မလား?ပါးပါး သိပ်မယ်လေ"

စော်အော်လေးက ခေါင်းရမ်းပြသည်။

"သား...ဉီးဉီးတွေနဲ့ ဆော့ချင်သေးတယ်"

ရှောင်းကျန့် နှုတ်ခမ်းထက်မှ ဖြူလွှသော
အပြုံးတစ်ခု ချက်ချင်းဖြစ်တည်လို့လာပြီး
နောက်မှာတော့ Marsတပ်သား တစ်ချို့အား
လှမ်းခေါ်လိုက်သည်။

"ဒီက ကျဲရော မပါဘူးလား စော်အော်လေး"

တံခါးပေါက်နားမှ ဘယ်အချိန်တည်းက
ရပ်နေမှန်း မသိသည့် မိန်မိန်က အခန်းထဲ
လျှောက်ဝင်လာသည်။စော်အော်လေးအား
ရှောင်းကျန့် လက်ထဲမှ ပြောင်းယူပွေ့ချီလိုက်
သည်နှင့် ကလေးလေး၏ မြူးထူးစွာ ရယ်သံများ
ချက်ချင်း ထွက်ပေါ်လာတော့သည်။

စော်အော်နှင့် အတည့်ဆုံးက တပ်သားတွေ
ပြီးလျှင် မိန်မိန်ပင်။ပြောရမည်ဆို သူ့အား
အလိုလိုက် အကြိုက်ဆောင်ပေးသည့် သူတိုင်းနှင့် တည့်သည်။

တခစ်ခစ် ရယ်နေသော ကလေးလေးကိုကြည့်ရင်း ရှောင်းကျန့်အပြုံးတို့ တဖြည်းဖြည်း
ပျောက်ကွယ်လို့သွားသည်။စကားပြောတတ်
နေပြီ ဖြစ်သော စော်အော်လေးသည်
ရိပေါ်၏ အလိုလိုက်လွန်းပုံနှင့်ဆို သေချာပေါက်
ကလေးလေးရဲ့ အချစ်ဆုံးက ရိပေါ်ဖြစ်နေမှာ။အခုတော့....

"အရှင့်သား အနားယူလိုက်ပါဉီး။မိန်မိန်
စော်အော်လေး အိပ်သွားတဲ့အထိ ကြည့်ပေးထားမယ်"

"ကျေးဇူးပါ မိန်မိန်"

တကယ်လည်း ရှောင်းကျန့် အနားယူချင်နေပြီ
ဖြစ်သည်။အပူရုပ်ကို ဟန်လုပ်ကာ ဖုံးထားပေမဲ့သူ့ရဲ့ သူ့ပုံစံက ဘေးလူကြည့်တိုင်း စိတ်ညစ်
နေတာ အသိသာကြီးပင်။

Venus(Completed)Where stories live. Discover now