ကယ်တင်ခြင်း(ကယ်တင်ခြင်း)

4.1K 710 26
                                    

နေနတ်မင်း၏ တံဆိပ်နှင့် ယာဉ်ပျံတစ်စီးသည်
စကြာဝဠာထဲ အရှိန်အဟုန်ဖြင့် ပျံသန်းလို့
နေသည်။သူ၏ ဉီးတည်ရာသည်ကား
နေစကြာဝဠာ၏ အလွန်သို့သာ....

သို့ပေမဲ့ ယာဉ်ထဲတွင်တော့ ရုန်းရင်းဆန်ခတ်
အခြေအနေသည်ကား ထိန်းမရ။

"ငါ့ကိုလွှတ် အောက်တန်းစားကောင်!
ယာဉ်ကို ပြန်လှည့်ပေး"

"ငြိမ်ငြိမ်နေကွာ ရှောင်းရာ။ခရီးဖင့်အောင်
မလုပ်ချင်စမ်းနဲ့"

ယာဉ်ထဲတွင် သူတို့ နှစ်ဉီးတည်းသာ ရှိသည်မို့
တာ့ရန်မှာ ရှောင်းကျန့်ကိုလည်း ထိန်းရ၊
ယာဉ်ကို သေချာမောင်းရနှင့် အလုပ်ရှုပ်လို့
နေသည်။နေနတ်မင်း၏ ယာဉ်တြွေဖစ်တာမို့
မောင်းရုံကလွဲပြီး တစ်ခြားဘာအကူအညီမှ မရ။
ထို့ကြောင့် အလှလေးက တာ့ရန်အပေါ်
ဆိုးချင်တိုင်း ဆိုးနေတော့သည်။

"မင်းယာဉ်ကို အခုချက်ချင်း ရပ်လိုက် တာ့ရန်။
ငါ မင်းကို မသတ်ခင်!"

ရှောင်းကျန့် စကားမှာ တာ့ရန်က ခပ်မဲ့မဲ့ပြုံး၏။
မျက်ဝန်းပြာတို့က ရှောင်းကျန့်ကိုယ်ပေါ်
စုန်ချည်ဆန်ချည် ပြေးနေတာမို့ မသိလိုက်ပါဘဲ
နောက်သို့ တစ်လှမ်းဆုတ်လိုက်မိသည်။
ကြောက်ရွံ့မှုတို့သည် မျက်နှာပေါ်တွင် မပေါ်ထင်
လာအောင် ရှောင်းကျန့် အားတင်းထားရသည်။
ထို့နည်းတူ သူ၏ အားနည်းမှုတွေရောပင်...

"ရှောင်း ကိုယ့်ကို လာနောက်နေတာလား။
ရှောင်းမှာ ကျင်းရှင်းအစွမ်းမရှိတော့ဘူးဆိုတာ
ကိုယ်မသိဘူး ထင်ပြီးတော့လေ"

ထိန်းမရအောင် မျက်နှာပျက်သွားသည့် ရှောင်းကျန့်ကြောင့် တာ့ရန်က တခစ်ခစ်နှင့် ရယ်သည်။
တစ်လှမ်းချင်းတိုးကပ်လာသော သူ့ခြေလှမ်း
တို့မှာ ရှောင်းကျန့် တတ်နိုင်သည်က
သူရဲဘောကြောင်စွာ အနောက်သို့ ဆုတ်နေမိခြင်း။

"ကိုယ်ဘယ်ကနေ သိလာတယ်လို့ ရှောင်းထင်လဲ"

ရှောင်းကျန့်ကား မည်သို့မျှ မဖြေ။တုန်ယင်နေသော သူ့နှုတ်ခမ်းတို့အား တာ့ရန်က ခပ်ပြုံးပြုံး
ငုံ့ကြည့်ပြီး သကာလ ရှောင်းကျန့်ခါးအား
လှမ်းဆွဲကာ သူကိုယ်နှင့် ထိကပ်ပစ်လိုက်သည်။

Venus(Completed)Where stories live. Discover now