4K 660 25
လက်ချောင်းပုတိုတိုလေးတွေက အအေးဓာတ်ကြောင့် ရဲပတောင်းခတ်နေသည်။ပုံမကျသေးသည့် နှုတ်ခမ်း ပုစိကွေးလေးမှ မှုတ်ထုတ်နေသည့်
ပူစီပေါင်းလေးတွေကို ကြည့်ရင်း ရိပေါ်
အသည်းတယားယားဖြင့် ရယ်မိသည်အထိ။
ဖောင်းကားနေသော ပါးကြီးနှစ်ဖက်ကို အားရအောင် နမ်းပြီးမှ ကလေးလေးအား စောင်ခြုံကာ
သိပ်လိုက်သည်။သူ့မျက်ဝန်းတို့က မွေးကင်းစ
လေးပေါ်မှာ ခွာမရအောင် ငြိတွယ်လျှက်။
သားယောင်္ကျားလေး ဖွားမြင်ခဲ့ပြီး လုံးတစ်နေသည့် ခန္ဓာကိုယ်ကြီးနှင့် ကလေးလေးသည်
ရှောင်းကျန့် ပင်ပန်းရခြင်း၏ အဓိက တရားခံပင်။ယောင်္ကျားလေးနှစ်ယောက် ပေါင်းစပ်ပြီး
မွေးထားသည့် ကလေးလေး ဖြစ်တာမို့
အားပိုကြီးမယ်လို့တောင် ရိပေါ် ပြောင်ချော်ချော်
တွေးမိသေးသည်။
မကြာခင် လင်းကြက်တွန်တော့မည်။
ရိပေါ် ရှောင်းကျန့်တို့ သားအဖကို စောင့်ကြည့်ရင်း အခုထိ မအိပ်ရသေးပေ။ကလေးလေးက
ညဥ့်နက်သန်းခေါင်ကြီး ထပြီး ငိုတတ်သလို
ရှောင်းကျန့်ကလည်း ကလေးလေးမွေးပြီး
ရက်သတ္တပတ်ကြာသည့်တိုင် ဟိုနား နာလိုက်၊
ဒီနား နာလိုက်နှင့် ကောင်းကောင်း မအိပ်ရပဲ
ရှိသည်။ထို့ကြောင့် ရိပေါ်တစ်ယောက် နည်းနည်း
လေးတောင် ပေါ့ပျက်ပျက်မနေရဲပေ။
"အ..."
ရှောင်းကျန့်ဆီမှ အော်ညည်းသံ သဲ့သဲ့ကြောင့်
ရိပေါ် အာရုံက ချက်ချင်း ပြောင်းသွားရပြီး
ခုတင်နားသို့ အပြေးသွားလိုက်ရသည်။
စောင်ပုံလေးထဲမှာ အိပ်စက်နေသော ရှောင်းကျန့်သည် အိပ်ပျော်နေရင်းမှ တစ်နေနေရာက
နာလို့ ညည်းညူနေဟန် ရှိသည်။
ရိပေါ် ရှောင်းကျန့် ပခုံးအား အသာတွန်းလို့
နိုးလိုက်ရင်းမှ အသံတိုးတိုးဖြင့် မေးလိုက်မိသည်။
"ဘယ်နား နာလို့လဲ ရှောင်း"
"မ..မနာဘူး"
"ပြောပါ။ဘယ်နား နာလို့လဲ။ကျွန်တော် နှိပ်ပေးမယ်"
"ဟင့်အင်း။ရပြီ...မင်း..ထွက်သွားတော့"
"ရှောင်းမှ နေမကောင်းတာ ကျွန်တော် ဘယ်လို
လုပ်ထားခဲ့ရမှာလဲ။လာပါ...ဒီဘက်လှည့်။
ဘယ်နားနာလဲ သေချာပြောပြ"
Venus(Completed)Место, где живут истории. Откройте их для себя