4.1K 680 109
                                 { 4 }
                                 { 4 }
တောစပ်၏ ညခင်းအချိန်အခါမို့ နှစ်ဆပိုတိုးသည့် အအေးဓာတ်ကြောင့် အပြင်ဘက်မှာ
ဆေးကျိုနေရင်းမှ ရိပေါ်လေပူတွေကို မှုတ်ထုတ်ကာ အချမ်းဖြေလိုက်မိသည်။
အေးစက်နေသည့် သူ့လက်မောင်းတစ်ဖက်စီကို
ခပ်ကြမ်းကြမ်းပွတ်သပ်လို့ အိမ်လေးထဲ
ပြေးဝင်ရင်း ခြုံစရာတစ်ခုခုယူဖို့တွေးလိုက်မိရင်း
ခြုံထည်လေးယူကာ အပြင်ထွက်ဖို့အပြင်
သူသတိရသွားမိသည်က ဟိုလူကို။
ကုတင်ပေါ်မှာ ငုတ်တုတ်ကြီး ထထိုင်နေတာ
မြင်လိုက်ရတော့ ရိပေါ်စိတ်ချသွားရသည်။
ထိုလူ့အနားကိုလျှောက်သွားရင်း ကုတင်ဘေးမှ
ထိုင်ခုံပေါ် ထိုင်ကာမျက်နှာချင်းဆိုင် စကားပြောဖို့ ပြင်လိုက်မိသည်။သို့ပေမဲ့ ထိုလူက မျက်လုံးတွေ မှိတ်ထားပြီး တစ်ခုခုကို အာရုံခံနေသလို။
"ဒီမယ်..ဟေ့လူ"
မျက်နှာရှေ့ လက်ဖျောက်တီးလို့ အသံပြုလိုက်တော့ အလန့်တကြားမျက်လုံးဖွင့်လာပြီး
ရိပေါ်လက်ကိုဖမ်းဆွဲကာ အတင်းလိမ်ချိုးပြန်သည်။ကော့လန်သွားသော ရိပေါ်ကတော့
အနှီအလှလေး၏ သန်မာမှုတွေကြားထဲ
အော်လို့ဟစ်လို့ မပြီးနိုင်။
"နာ..နာတယ်လေ။အိုက်ယား!!!"
ရိပေါ်ဘက်က အော်ဟစ်နေရုံသာရှိပြီး
တစ်စက်ကလေးမှ တန်ပြန်မတိုက်ခိုက်လာတာကြောင့် ရှောင်းကျန့်သက်ပြင်းလေး ခိုးချမိလိုက်သည်။အဝေးမှ အသံလှိုင်းတွေကို ဖမ်းယူနားထောင်နေရင်း အသံတွေကို မှတ်သား
ခွဲခြားနေစဉ် ရုတ်တရက်ကြီး အနီးမှအသံကို
ကြားလိုက်ရတာမို့ ရှောင်းကျန့်ကြောက်လန့်တကြား တုန့်ပြန်လိုက်ခြင်း။ယခုအချိန် သူက
တစ်ခြားဂြိုဟ်ပေါ်မှာမို့ ကျင်းရှင်းကျောက်၏ အစွမ်းသည်လည်း အားလျော့ပယ်ပျက်လျှက်
ရှိသည်။ဒီဂြိုဟ်သားကသာ ရှောင်းကျန့်ကို
ရန်လိုလာမည်ဆို ပြန်ပြီးအနိုင်ယူနိုင်ဖို့တာ
ဖြစ်နိုင်ပါ့မလား သူမသိ။
လိမ်ချိုးထားသည့် လက်ကိုလွှတ်ပေးလိုက်တော့
ရိပေါ်က သူ့ထိုင်ခုံမှာနေရာတကျပြန်ထိုင်ရင်း
မဲ့ရူံ့လို့နေသည်။ရှောင်းကျန့်ဘက်က မျက်နှာလွှဲရင်း အတွေးများနေတုန်း သူ့လက်အား
ဆုပ်ကိုင်လာသည့် ရိပေါ်။
Venus(Completed)Tempat cerita menjadi hidup. Temukan sekarang