သူ့ဘက် ကိုယ့်ဘက်(သူ့ဘကျ ကိုယျ့ဘကျ)

4.2K 667 92
                                        

"Venusမှာ နေရတာ အဆင်ရောပြေရဲ့လား
သားတော်။"

ခမည်းတော်က သူ့အတွက်စိုးရိမ်နေသည့်အသံဖြင့် ဆိုလာသည်။ရိပေါ်တစ်ယောက် အိပ်မောကျနေသည့် စော်အော်လေးအား ကြည့်ရင်း
ခပ်ရေးရေးပြုံးကာ ခမည်းတော် မေးခွန်းအား
ပြန်ဖြေလိုက်မိသည်။

"ပြေပါတယ်။အရမ်းပူတာက လွဲလို့ပေါ့"

"အဲ့တာကိုပြောတာ မဟုတ်ဘူး"

ရိပေါ်အပြုံးတို့သည် ဖြည်းဖြည်းချင်း ပယ်ပျက်
သွားသည်။အနည်းငယ် မှေးကျဉ်းသွားသော
မျက်ဝန်းတို့ကား ဝမ်လုံစကား၏ ဆိုလိုရင်းကို
နားမလည်သေးဟန်။

"ခမည်းတော် ဘာကိုပြောချင်တာလဲ?"

ဝမ်လုံကား သက်ပြင်းအသာချသည်။သူ့ပုံစံက
ဝေခွဲရခက်နေဟန်နှင့်

"ရှောင်းကျန့်နဲ့ ပတ်သတ်ပြီးတော့ ပြောတာ။
သားတော်တို့ ဆက်ဆံရေးက သာမာန်မှ
မဟုတ်ခဲ့တာဆိုတော့.."

"ဘာမှမရှိပါဘူး။ခမည်းတော် စိတ်ချပါ"

ရိပေါ်က စိတ်လောနေသည့်ပုံမျိုးနှင့် ဖြေရှင်းချက် ပေးလာသည်။ဝမ်လုံ၏
စိတ်မကောင်းသလို အကြည့်တို့က ခေတ္တမျှ
ကြာပြီး နောက်မှာတော့ ရိပေါ်ကို ခေါင်းသာ
တဆတ်ဆတ်ငြိမ့်ပြလာခဲ့သည်။

"သားတော်အဆင်ပြေရင် ပြီးတာပါပဲ။အမှန်တိုင်း
ပြောရရင် ကိုယ့်သားကို သတ်ဖို့လုပ်ခဲ့တဲ့သူမို့
ရှောင်းကျန့်အပေါ် ခမည်းတော် အမြင်က
ကြည်လင်မနေဘူး။ဒါပေမဲ့ သူ့အပြစ်သူ ခံယူနေပြီ မလို့ သားတော်ကိုပဲ ခံစားချက်နဲ့ရောထွေးပြီး
ပင်ပန်းစေမှာ စိုးတာ"

ရိပေါ် နာခံစွာပင် ခေါင်းငြိမ့်ပြကာ စော်အော်လေးအား တစ်ချက်မျှ လှမ်းကြည့်ပြီးနောက်

"သားတော် တစ်ပတ်တစ်ခါတော့ ပြန်လာပါ့မယ်။
စော်အော်လေးကို ဂရုစိုက်ပေးထားပါဉီး
ခမည်းတော်"

"စိတ်ချသာသွား။တာဝန်တွေ မရှိရင်လည်း
ခဏခဏ ပြန်လာခဲ့။"

"ဟုတ်ကဲ့။ဒါဆို သားတော် သွားပြီနော်"

ဝမ်လုံကား သူ့အားခွင့်ပြုသလို ခေါင်းငြိမ့်ပြသည်။ရိပေါ် စော်အော်လေး၏ နဖူးလေးအား
ခပ်ဖွဖွနမ်းရှိုက်လိုက်ပြီး သူ့အားစောင့်ဆိုင်းနေသော ယာဉ်တွေအပေါ် တက်သွားခဲ့သည်။

Venus(Completed)Dove le storie prendono vita. Scoprilo ora