"နိုးလာပြီပဲ။ဒီမှာ ကျွန်တော် ရှောင်းအတွက်
အားဆေးကျိုလာပေးတယ်။ညက မသောက်လိုက် ရဘူးလေ"ရိပေါ်အပြောကြောင့် အိပ်ယာပေါ်မှ ရှောင်းကျန့်
တစ်ယောက် မျက်နှာတွေနီရဲကာ မလုံမလဲ
အကြည့်လွှဲသွားသည်။အက်ႌေတြက ဖရိုဖရဲ
ဖြစ်လို့နေပြီး သူ့အောက်ပိုင်းမှ ခါးဝတ်ဟာလည်း
လျော့တ်လျော့ရဲနှင့်။ညက အကြောင်းများ
ပြန်တွေးမိတော့ သူဒီနေရာမှာတင် ကျွင်းတူးပြီး
ပုန်းနေလိုက်ချင်တော့သည်။"ရေချိုးမယ် မလား။ချောင်းဆီ လိုက်ပို့ပေးမယ်"
ရှောင်းကျန့်တစ်ယောက် ခေါင်းသာ ငြိမ့်ပြီး
သူ့အဝတ်တွေကို သေသေသပ်သပ်ဖြစ်အောင်
ပြင်ဝတ်ကာ ထရပ်လိုက်သည်။ရိပေါ်က
သူ့အတွက် တံခါးကို အဆင်သင့်ဖွင့်ပေးထားပြီး
ရှောင်းကျန့် စမ်းချောင်းဆီ ရောက်တော့
နောက်မှအပြေးလိုက်လာပြန်သည်။"ဘာလို့ လိုက်လာတာလဲ?"
"ရှောင်း ရေချိုးမလို့ဆို"
"ငါရေချိုးတာနဲ့ မင်းနဲ့ ဘာဆိုင်လို့လဲ?"
တကယ်ဆို ဒီအချိန် ရှောင်းကျန့်အနားမှာ
ရိပေါ်မရှိစေချင်ပါ။ညက သူပေးထားသည့်
အမှတ်အသားတွေကို ရိပေါ်မြင်တိုင်း ပြုံးစိစိ
လုပ်နေရင် မိန်းမငယ်လေးလို အရှက်သည်း
ရသည့် ခံစားချက်အား ရှောင်းကျန့်မကြိုက်။သူနှင်ထုတ်စကားတွေချည်း ပြောနေမိတော့
ရိပေါ်က သက်ပြင်းလေးလေးတစ်ချက်ကို
ချရင်း သူ့လက်ထဲမှ ဗူးလေးတစ်ဗူးကို
မြှောက်ပြသည်။"ရှောင်း အတွက် ကျွန်တော်ကိုယ်တိုင် လုပ်ပေး
ထားတဲ့ ခေါင်းလျှော်ရည်။ပြီးတော့ ဒီက
ကျောက်တုံးတွေက ချော်တယ် ရှောင်းရဲ့။
ကျွန်တော် စိတ်မချပါဘူး"ပြောလည်းပြော ရိပေါ်က ရှောင်းကျန့်လက်မောင်းကို ဆွဲယူပြီး ရေထဲတစ်လှမ်းချင်း
အရင်ဆင်းသွားသည်။ခြေထောက်တွေက
ဟိုစမ်းဒီစမ်း လုပ်နေခဲ့ပြီး သူ့နောက်မှ
ရှောင်းကျန့်ကိုလှည့်ရင်း"ဒီနား ကျောက်တွေက စူးတယ်။အဲ့ဘက်ကို
ခြေမချနဲ့။အင်း..ဒီနားက နည်းနည်း ချော်တယ်။
ဒီလမ်းအတိုင်း လိုက်ခဲ့.."
YOU ARE READING
Venus(Completed)
Fanfictionသိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး.....