တစ်ယောက်ကိုရွေး(တစ်ယောက်ကိုရွေး)

3.9K 638 118
                                        

လက်စွဲတော်ဓား၏ ရောင်ပြန်က ကြောက်လန့်မှုနှင့် ပြည့်နေသော ရှောင်းကျန့် မျက်နှာမှာ
လာထင်ဟပ်နေသည်။ဒေါသတကြီး တိုးကပ်လာသည့် ခမည်းတော်၏ ခြေလှမ်းတိုင်းမှာ
ရှောင်းကျန့် အသက်ပင်မရှုရဲခဲ့။

ခမည်းတော်နှင့် အတူပါလာသော လက်ရုံးတော်
စစ်သည်နှစ်ယောက်က သူတို့အခြေအနေကို
သတိအနေအထားဖြင့် စောင့်ကြည့်နေသည်။
အိမ်ရှေ့စံရှောင်း၏ မာနတို့ဖြင့် ပြည့်နေတတ်သော မျက်နှာက ယခုလို ကြောက်ရွံ့နေသည့်အခါ သူတို့လည်း ရုတ်တရက် ကြောင်နန
ဖြစ်ရသည်အထိ။

"ဒါ ဘယ်သူ့ကလေးလဲ!"

ရှောင်းကျန့်ပြောသမျှကို ရှောင်းဝု သေချာပေါက်
ရှင်းရှင်းလင်းလင်း ကြားခဲ့သည်။သို့ပေမဲ့
သူ လက်မခံနိုင်ခဲ့။

"ခ..ခမည်းတော်။ဘယ်လိုလုပ်ပြီး..."

"ရှောင်းကျန့်!!!!!"

ရှောင်းဝုက ဒေါသတကြီး အော်ပြီး ရှောင်းကျန့်
အင်္ကျီလည်ပင်းစကို တင်းကြပ်စွာ ဆွဲညှစ်
လိုက်သည်။အသက်ရူသံတို့ကား မြန်ဆန်နေပြီး
နီရဲသော မျက်ဆံတို့က ရှောင်းဝုဒေါသကို
ထိန်းချုပ်ထားရမှန်း သိသာ၏။

"ငါတို့က အသက်ပေးပြီး Venusကို ကာကွယ်
နေရတဲ့အချိန် မင်းက ဒီမှာ မိန်းမယူပြီး
ကလေးတောင် မွေးထားလိုက်တယ်ပေါ့။
ပြီးတော့ စောနက မျက်လုံးအကြည့်တွေ....
ရှောင်းကျန့်။မင်းတကယ် သူရဲဘောကြောင်
နေပြီလား။ငါ သင်ကြားပေးခဲ့တဲ့ အိမ်ရှေ့စံ
ရှောင်းက ဘာလို့အဲ့လောက် ပျော့ညံ့သွားရ
တာလဲ!"

တုန်ယင်နေသည့် ရှောင်းကျန့်ကား မည်သည့်
စကားမှမဆို။သူ့အတွေးထဲမှာ စော်အော်နှင့်
ရိပေါ်အတွက် ပူပန်ရလွန်းလို့ အခုချက်ချင်း
အသက်ထွက်တော့မလိုတောင် ခံစားနေရသည်။

"မင်းစောနက ဒီကလေးကို Venusရဲ့
ဆက်ခံသူအဖြစ် လွှဲပြောင်းပေးနေတာကရော..?
မင်းအတွေးထဲမှာ ကမ္ဘာဂြိုဟ်သားတစ်ယောက်နဲ့
ရတဲ့ကလေးက နတ်မင်းတစ်ပါး ဖြစ်လာမယ်လို့
ထင်နေတာလား"

"ခမည်းတော်။ကျွန်တော် ပြန်လိုက်ခဲ့ပါ့မယ်။
ဘာမေးခွန်းမှ မမေးပါနဲ့တော့.."

Venus(Completed)Место, где живут истории. Откройте их для себя