"ရှောင်း။ထမင်းလေး စား..."
*ခွမ်း!!!*
အိုးခွက် ပန်းကန်တစ်ချို့ ပြုတ်ကျသံများက
အိမ်လေးထဲ ဆူညံသွားသည်။ဟင်းရည်ပူတစ်ချို့က ရိပေါ်ခြေဖမိုးကို လာစိုရွှဲပေမဲ့ စိတ်ထဲ
ထားမနေနိုင်။သူ့ရှေ့မှ ရှောင်းကျန့်၏ ဒေါသ
မျက်ဝန်းတွေကိုငေးရင်း ထမင်းစားဖို့
ဘယ်လိုဖျောင်းဖျရမလဲ အကြပ်ရိုက်နေရသည်။"ရှောင်း ထမင်းမစားရင် ကလေးအတွက်ရော
ရှောင်းအတွက်ပါ မကောင်းဘူး။ကျွန်တော်
ပြောတာကို ယုံပါ""မစားဘူး။ငါ မစားချင်ဘူး!"
"ရှောင်း.."
ရှောင်းကျန့်ကား ဘာမှထပ်မပြောတော့ပဲ
ကုတင်ပေါ်မှ ဆင်းကာ အိမ်ပြင်ဘက်သို့
ထွက်သွားလေပြီ။ထုံးစံအတိုင်း ကွပ်ပျစ်လေး
ပေါ်မှာထိုင်လို့ ကောင်းကင်ကြီးကို ငေးဉီးမှာ
သေချာသည်။သက်ပြင်းမောကိုချလို့ အောက်ကျသွားသည့်
စားစရာတွေကို သိမ်းဆည်းလိုက်ရသည်။
တစ်ညနေလုံး ကြိုးစားချက်ထားခဲ့ရသည့်
ထမင်းပွဲလေးဟာ အခုတော့ အမှိုက်သာသာ
ဖြစ်လို့သွားချေပြီ။"ရှောင်းက ဆိုးလိုက်တာ.."
ဒါ နေ့တိုင်း သူရေရွတ်နေကြ စကားပင် ဖြစ်လို့
နေခဲ့သည်။ကိုယ်ဝန်စတည်ကြောင်း သိလိုက်ပါပြီ ဆိုကတည်းက ရှောင်းကျန့် ပြသနာမရှာတဲ့
လုံးဝမရှိ။ရိပေါ်မှာ ပိုက်ဆံပိုရှာဖို့အတွက်ရော၊
ရှောင်းကျန့် ဝေယျာဝစ္စရောကြောင့် အရင်ကထက် နှစ်ဆပိုပင်ပန်းသည်။သို့ပေမဲ့
သူ့အမောပြေလေးကတော့ ဘယ်တော့မှ
အမောဖြေခွင့်မပေးခဲ့။အရင်က တစ်ပတ်တစ်ခါ ဆေးဆိုင်သွားရပေမဲ့
ယခုတော့ တစ်ရက်ခြားတစ်ခါ ဖြစ်လို့နေသည်။
ဆေးသွားတူးချိန်မှာလည်း အရင်လို အကြာကြီး
နေမှတစ်ခါ ဆိုတာမျိုးမဟုတ်တော့ပဲ
အားရင်အားသလို သွားရသည်။တစ်ယောက်တည်း အားမို့ ဘယ်လောက်ရှာရှာ
လောက်တယ်လို့ကို မထင်။သိပ်မကြာခင်
သူ့အရိပ်အောက် ရောက်လာဉီးမည့် ဝမ်ပိစိလေး
အတွက်ပါ နှစ်ဆပိုကြိုးစားနေရသည်။မောမောနှင့် ပြန်လာသည့်သူ့ကို ရှောင်းကျန့်က
ဘယ်သောအခါမှ အမောဖြေခွင့်မပေး။
ထမင်းဆိုလျှင်လည်း သူစားချင်မှစားသည်။
ရိပေါ်ကျွေးတိုင်း ဘယ်တော့မှ မစား။
YOU ARE READING
Venus(Completed)
Fanfictionသိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး..... သိပ်လှတဲ့ ရှောင်းက သူ ကြီးစိုးရာ Venusလိုမျိုး.....