အခ်စ္ည(အချစ်ည)

4.5K 668 62
                                    

နားစည် ထိခိုက်သွားသည့် လူတစ်ယောက်လို
ရှောင်းကျန့်၏ အကြားအာရုံတစ်ခုလုံး ရုတ်ချည်း ဆိတ်ငြိမ်လို့သွားသည်။ရိပေါ်၏
ထွက်မသွားဖို့ တောင်းဆိုနေသည့်အသံအဆုံးမှာ
သူကြားနိုင်သော တစ်ခုတည်းသော အရာကား
အခုန်မြန်လွန်းသည့် သူပိုင်ဆိုင်သော နှလုံးသားပင်။

ပုံသေဖြစ်နေသော မျက်ဝန်းတို့သည် လရောင်
အောက်မှာ ခန့်ညားနေသည့် ရိပေါ်၏
မျက်နှာချောချောကို ငေးစိုက်ကြည့်မိရင်း
သူနားမလည်သော အရာတစ်ခုအား မေးမြန်း
မိလိုက်တော့သည်။

"ငါ့ကို ဘာလို့ ချစ်ရတာလဲ?"

တွေ့စက ရှောင်းကျန့်လို မာနကြီးသူကို မုန်းသည်ဟု ရိပေါ်ကိုယ်တိုင် ပြောခဲ့ဖူးသည်။သို့ပေမဲ့
အခုထိ မာနကြီးနေဆဲ ရှောင်းကျန့်ကိုတော့ ချစ်သည်ဟု ထပ်ပြောလာတာမို့ ဘာအကြောင်း
ကြောင့်ရယ်များဆိုတာ ရှောင်းကျန့် တွေးမရ။

သူ့မေးခွန်းကို ရိပေါ်က ခါတိုင်းလို ပြုံးစိစိ
မျက်နှာပေးလုပ်မနေ။ထိုအစား ရွှန်းစားသော
မျက်ဝန်းတို့ဖြင့် သူ့အား လေးနက်စွာကြည့်ရင်း

"ရိုးရိုးလေးပါပဲ။ကျွန်တော် ချစ်မိသွားလို့လေ။"

"ငါမချစ်ဘူးဆိုတာတောင်မှလား"

"အင်း..ချစ်တဲ့စိတ်က တားဆီးလို့မှ မရဘဲ။
အငြင်းခံလိုက်ရတယ်ဆိုပေမဲ့ ရှောင်း ကို ချစ်တဲ့အကြောင်းသာ မပြောဖြစ်ခဲ့ရင် ဒီအချိန်
သေသွားတဲ့အခါ နောင်တရမိမှာ။ဒါပေမဲ့
အခုတော့ အဲ့လိုမဟုတ်ဘူး"

ရှောင်းကျန့်၏ မျက်တောင်ဖျားတို့၏ လှုပ်ခတ်မှုကို ရိပေါ်သေသေချာချာလေး စိုက်ငေးနေသည်။
သူမြင်တွေ့နေသည့် ရှောင်းကျန့်၏ သံယောဇဉ်
ကြိုးလေးကို အလိုက်ကန်းဆိုးမသိ လက်ညိုး
ထိုးမပြရက်။ယောင်္ကျားလေးနှစ်ယောက်ကြားက
မေတ္တာတရားကို ရှောင်းကျန့် လက်မခံပေးနိုင်တာ နားလည်ပါသည်။

"အိမ်ပြန်ကြမယ်။ရှောင်းရဲ့ အကြောင်းတွေလည်း
ထပ်မမေးတော့ဘူး။ကျွန်တော့်အိမ်မှာ ကြိုက်သလောက် နေလို့ရတယ်။ရှောင်း ပြန်ချင်ပြီဆို
အချိန်မရွေး ခွင့်ပြုမယ်။တစ်ခုပဲ..."

Venus(Completed)Où les histoires vivent. Découvrez maintenant