ကျင်းရှင်း?(ကျင်းရှင်း?)

4K 699 49
                                    

ရိပေါ် နေရာမှာတင် ကြောင်ကာ ရပ်နေမိသည်မှာ
အတော်ကြာပြီဖြစ်သည်။ရှောင်းကျန့်၏
အဖျားတက်နေသော ပုံစံကိုကြည့်ပြီး သူ့မှာ
မယုံကြည်နိုင်။

ရှောင်းကျန့်သည် ယခုVenusဂြိုဟ်ပေါ်မှာ ဖြစ်သည်။ကျင်းရှင်း စွမ်းအားရှိနေသည့်သူက
ဘာကြောင့်များ ဖျားရမှာလဲ။မဟုတ်မှ....

အတွေးတစ်ခုသည် ရိပေါ်ဉီးနှောက်ထဲ ရုတ်ချည်း ဝင်ရောက်လာသည်။သူ့မျက်ဝန်းတို့
ပြူးကျယ်လို့သွားပြီး စိုးရိမ်စိတ်ကြောင့်
ရှောင်းကျန့်အနား ပြေးကပ်သွားကာ နဖူးအား
စမ်းမိလိုက်သည်။

"ရှောင်းကျန့်...ရှောင်းကျန့်"

ပခုံးအား အသာကိုင်လှုပ်ရင်း ခေါ်ကြည့်မိသည်။
သို့ပေမဲ့ ရှောင်းကျန့် မျက်လုံးတို့ ပွင့်မလာ။

ရိပေါ် တစ်ကိုယ်လုံး ပူထူသွားသည်။ခြေမကိုင်မိ
လက်မကိုင်မိနှင့် သူပုံစံက အတော်လေး
ပုံပျက်လို့နေပြီ။

ဂြိုဟ်တိုင်း၏ နန်းသွေး အလောင်းအလျာတို့သည် သာမာန်ထက် ထူးခြားသည့်
စွမ်းအားတို့ကြောင့် ဖျားနာခြင်းဆိုတာမျိုး မရှိ။
သို့ပေမဲ့ အသက်ဆုံးခါနီးကြလျှင်တော့
ဖျားနာပင်ပန်းပြီး အားလျော့သေဆုံးတတ်ကြသည်။ထိုအချိန်ရောက်လျှင် ဘယ်လိုနည်းနှင့်မှ
ကယ်တင်မရတော့။

ရိပေါ် တစ်ယောက် မျက်ပြူးဆန်ပျာဖြစ်ကာ
အကြံတစ်ခုခုထွက်အောင် မနည်းစဉ်းစားရသည်။ချွေးစေးတို့ဖြင့် သူ့နဖူးမှ ဆံစတို့သည်
စိုစွတ်လာပြီး ရှောင်းကျန့်ကိုပဲ ပွေ့ဖက်ထားရ
တော့မလို၊ကယ်တင်နိုင်မည့် တစ်ခုခုကိုပဲ
သွားရှာရတော့မလိုနှင့်....

"ကမ္ဘာပေါ်က အဖျားကျဆေးဆိုရင်ရော.."

ကယ်တင်နိုင်စရာ နည်းလမ်းမရှိတာထက်စာရင်
ထိုအရာက ပိုကောင်းဉီးမည်။

ရိပေါ် ဘာမှဆက်မတွေးတော့ဘဲ ရှောင်းကျန့်အပေါ် စောင်တွေ အထပ်ထပ်ခြုံပေးခဲ့ကာ
ကိုယ်ပိုင်ယာဉ်ကိုယူလို့ ဘယ်သူမှမသိခင်
Venusပေါ်မှ ထွက်ခွာသွားသည်။

ယာဉ်၏ အရှိန်သည် အရမ်းမြန်လို့နေပြီး
ကမ္ဘာဂြိုဟ်ပေါ်သို့ ခဏချင်းပင် ရောက်ရှိသွား၏။

Venus(Completed)Donde viven las historias. Descúbrelo ahora