Name Of Love ❤
Page (1)
မနက်ခင်း တစ်ခုတွင် 'ဒုန်းဒုန်း ဒုန်းဒုန်း' ဆိုသောအသံနှင့် အတူ လှေကားပေါ်မှ လူတစ်ယောက် ပြေးဆင်းလာလေသည်
Ai - သွားပြီနော် အမေအမေ - အေး ဂရုစိုက်သွားနော်
အိမ်တစ်အိမ်ထဲကနေ အသားလတ်လတ် ဆံပင်ခပ်တိုတိုနဲ့ လွတ်လွတ်လပ်လပ် အဝတ်အစားနဲ့ မျက်နှာပေါ်တွင် mask ကိုဝတ်ဆင်ထားပြီးဘေးတိုင်းလွယ်အိတ်ကိုလွယ်ကာကောင်မလေးတစ်ယောက်ပြေးထွက်လာလေသည် သူမသည် အလုပ်သွားရန် အလျင်လိုနေသောကြောင့် အလုပ်ရှိရာသို့ အမြန်ဆုံးသွား နေရခြင်းဖြစ်သည် လူသွားလူလာနည်းပါး သောနေရာတွင် အပန်းဖြေကော်ဖီဆိုင်လေးတစ်ဆိုင်ရှိလေသည် ထိုဆိုင်သည် လမ်းထောင့်တစ်နေရာတွင်တည်ရှိနေပြီး ကားလမ်းမနဲ့လည်းနီးလေသည် ဆိုင်အပြင်အဆင် သည် လှလှပပရှိသော်လည်း လူဝင်လူထွက်မှာ နည်းနည်း ပါးပါးသာရှိလေသည် သူမသည် ဆိုင်သို့လာရောက်သောဖောက်သည်များအား ဧည့်ခံနေခြင်းဖြစ်လေသည်
Ai - မဂ်လာပါ ဘာသုံးဆောင်မလဲမသိဘူး!?
ဟုတ် မဂ်လာပါ ...
အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ရှင့်"Aiရေ အစ်မကိုဒါလေးဝိုင်းကူပေးပါအုံး! "
Ai - ဟုတ်
"Aiရေ...အစ်မအရှေ့ကြည့်ထားလိုက်မယ် အနောက်မှာဝိုင်းကူပေးလိုက်ပါအုံး ပြီးတော့အမှိုက်လေးလည်း ပစ်လိုက်အုံးနော် "
Ai - ဟုတ်
အမှိုက်အိတ်ကိုဆွဲကာအမှိုက်ပုံးရှိရာသို့ သူမထွက်လာလေသည်
Ai - ဟူး! - ပင်ပန်းလိုက်တာ
သူမညည်းထွားရင်း ကောင်းကင်ပေါ်သို့အတော်အတန်ကြာ မောကြည့်နေမိသည် ကောင်းကင်ပြာပြာကြီးကိုသာ ကြည့်နေပင်မဲ့ သူမစိတ်ထဲတွင်တစ်ခုခုကို
ပြန်လည်မှတ်မိရန် တွေးတောနေလေသည်Ai - အား! တွေးနေလို့အပိုပါပဲ ဒီနေ့အတွက် ကြိုးစား ရအုံးမယ် အားတင်းထား Ai
သူမကိုယ့်ဟာကို စိတ်ကိုပြင်ဆင်လိုက်ပြီး ဆိုင်ထဲသို့ပြန်ဝင်လိုက်လေသည်
YOU ARE READING
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...