Page (6)

60 6 0
                                    

Name Of Love ❤

Page (6)

လူအုပ်စုကြီး တစ်ခုထဲတွင် လူတစ်ယောက်သည် ဟိုကြည့်ဒီကြည့်ဖြင့် တစ်ခုခုကိုလိုက်ရှာ နေလေသည် လူတွေ အလွန်များပြားလှသောကြောင့် ဟိုဝင်ဒီတိုက် ဖြစ်နေလေသည် သို့သော် ထိုလူသည် မည်သည့် အရာကိုရှာနေမှန်းမသိ သော်လည်း ထိုအရာကို မရမကလိုက်ရှာနေလေသည် ထိုလူသည် ပါးစပ်ကနေလည်း တစ်ခုခုကိုအော်ခေါ် လှမ်းပြောနေပင်မဲ့လဲ ရှာနေသည့်အရာကိုမတွေ့သေးပေ စိတ်ထဲတွင်လည်း တစ်ခုခုကိုမတွေ့တာကြောင့်စိုးရိမ်နေမိသည့် ထိုအချိန်တွင် ...

Taishi - "......"

အိပ်ရာမှ အလန့်တကြား နိုးလာသောTaishiတစ်ယောက် တစ်ခုခုကို ဇဝေဇဝါဖြစ်နေလေသည် သူ့ပါးစပ်ကနေ အော်ခေါ်လိုက် သည့်အရာကို သူပြန်စဉ်းစား၍ မရပေသို့သော် သူတစ်ခုခုကိုအရမ်းသိချင်နေမိသည် စဉ်းစားလေ စဉ်းစားလေ မမှတ်မိသောကြောင့် စိတ်ညစ်လေ​ ဖြစ်နေသည်

Taishi - တော်ပြီကွာ မစဉ်းစားတော့ဘူး ခေါင်းကိုက်တာပဲ အဖတ်တင်တယ်

စဉ်းစား၍မရသဖြင့် ဒေါသထွက်နေ​သော
ကြောင့် ရေဘူးကိုကောက်သောက်လိုက်ကာ ခုတင်မှထ၍ ရေချိုးခန်းထဲ သို့ဝင်သွားတော့လေသည် ဒီနေ့သူငယ်ချင်းတွေနဲ့ ချိန်းထားသောကြောင့် စိတ်ကိုလျော့ကာ အပြင်သွားဖို့စီစဉ်ပြီးထွက်လာခဲ့လိုက်လေသည် တစ်နေရာသို့ရောက်သောအခါTaishiတစ်ယောက်ဖုန်းကိုကာ ကြည့်နေမိလေသည်ရှေ့ကနေစကားပြောပြီးသွားနေတဲ့ သူငယ်ချင်းတွေကိုတောင် သတိမထားပဲ ဖုန်းနံပါတ်တစ်ခုကို ခေါ် ဖို့ တွန့်ဆုတ်
တွန့်ဆုတ် ဖြစ်နေလေသည်

"ဟျောင့် ဘာဖြစ်နေတာလဲ?"

Taishi - အော် ဘာမှမဖြစ်ပါဘူး!

"ဘာလဲ ?ဟိုကောင်မလေးကိုလွမ်းနေလို့လား?"

Taishi - မဟုတ်ပါဘူး ကွာ

"မှန်မှန် လိမ် ဟျောင့် မင်းအဲ့ကောင်မလေးနဲ့ရင်းနှီးနေတယ်ဆိုတာ ငါတို့သိတယ်နော် "

Taishi - အေးလေ အဲ့တော့ ဘာဖြစ်လဲ?

"မင်းမရိုးသားဘူး မင်းကွာ Nayoကိုကျတော့ စိတ်မဝင်စားပဲနဲ့ အဲ့ကောင်မလေးကိုမှကွာ "

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now