Name Of Love ❤
Page (11)
အလွန် အေးချမ်းပြီး သာယာ၍ ကျက်သရေရှိလှသော မနက်ခင်း အချိန်ခါလေးတစ်ခုတွင်
စီးပွားရေးဆိုင်ရာ သင်တန်းတစ်ခု၌ Taishi တစ်ယောက် အလျင်အမြန် လမ်းကိုလျှောက်ကာ အခန်းထဲသို့ဝင်လာခဲ့လေသည် ထို့နောက် ခုံတစ်လုံးကိုဆွဲယူလိုက်ကာတစ်ခုခုကိုအကျပ်ရိုက်နေတဲ့မျက်နှာနဲ့ သူငယ်ချင်းတွေနားသို့ ဝင်ထိုင်လိုက်လေသည်"ဟျောင့် ဘာဖြစ်လာတာလဲ? ရုပ်ကလဲ ဗုံးမှန်းထားတဲ့ ရုပ်နဲ့! "
"အေးလေ ဘာလဲ မင်းအဖေရောက်လာလို့လား ? "
သူငယ်ချင်းတွေကသာ စကားတွေပြောနေပင်မဲ့လဲ သူကတော့ဘာမှပြန်မပြောပဲ မျက်နှာကြီးမှုန်ကုတ်ကာ ထိုင်နေလေသည်
"ဟျောင့် Taishi ဘာဖြစ်နေတာလဲ?"
"အေးလေ ဘာဖြစ်လာတာလဲ? ဟျောင့် ငါပြောတာကြားလား ?"
Taishi - အေး ဘာလဲ?
"ငါပြောတာကြားလားလို့ ကြောင်တောင်တောင်နဲ့ ဘာဖြစ်နေတာလဲ?"
Taishi - အော် ငါမင်းတို့ကို ပြောစရာရှိလို့
အာ... မဟုတ်ဘူး ပြောစရာထက် မေးစရာရှိလို့သူ့အပြောကြောင့် သူငယ်ချင်းတွေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဇဝေဇဝါဖြစ်သွားရလေသည်
ထို့နောက် Taishi တစ်ယောက်လဲ ဟိုကြည့်ဒီကြည့် လိုက် ကြည့်လိုက်ပြီး သူငယ်ချင်းတွေအနားသို့ တိုးကာ စကားတစ်ခွန်းပြောလိုက်လေသည်
Taishi - ငါ Ai ကိုဖွင့်ပြောလိုက်တော့ရင်ကောင်းမလားလို့?!
ဟူ၍ ဟိုကြည့်ဒီကြည့် နဲ့ ပြောလိုက်သောအခါ
"ဟျောင့် မင်းကွာ အဲ့ဒါလေး ပြောမလို့ဟာကို ဟိုကြည့်ဒီကြည့်လုပ်နေရသေးတယ်လို့လေ မသိရင် တစ်ခုခုကြံတော့မဲ့ ဆိုဒ်ကြီး နဲ့ "
"အေးလေ ဖွင့်ပြောတာလေးများ ပြောလိုက်ပေါ့ "
Taishi - မဟုတ်ဘူး ငါညကသူ့ကိုဖုန်းနဲ့ဖွင့်ပြောမလို့ လုပ်သေးတယ် ဒါမဲ့ ငါမပြောရဲဘူးကွ
"မင်းကလဲ ယောကျာ်း လုပ်မနေပါနဲ့တော့လား ?"
"အေးလေ မင်းအရင်တုန်းက အဲ့လို့မဟုတ်ပါဘူး"
YOU ARE READING
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...