Name Of Love ❤
Page (20)
မနက်ခင်း တစ်မနက်တွင် Taishi တစ်ယောက် အိမ်တစ်အိမ်ရှေ့၌ ကားကိုထိုးရပ်လိုက်ပြီး ဘေးနားရှိ ပါဆယ်ထုပ်တစ်ထုပ်ကိုဆွဲကာ ကားထဲမှ ထွက်လာခဲ့လေသည် ထို့နောက်ခြံတံခါးကိုဖွင့်ကာ အိမ်တံခါးနားသို့လျှောက်လာခဲ့လိုက်လေရာ အိမ်ထဲတွင်လည်း ...
Ai - မဂ်လာပါ အပြင်သွားတော့မလို့လား ?
"အေး မနက်ဖြန်အတွက် ပြင်ဆင်ရအုံးမယ်လေ အော် ဒါနဲ့ ဒီညနောက်ကျရင်နောက်ကျမယ် သိလား? မနက်ဖြန်ပွဲတော်အတွက် ပြင်ဆင်ရမှာဆိုတော့ Ai အဆင်ပြေတယ်မလား ? "
Ai - ဟုတ် Ai ကိုစိတ်မပူပါနဲ့ ဂရုစိုက်သွားနော်
"အင်း"
ထို့အမျိုးသားသည် သူမကိုနှုတ်ဆက်ကာ အိမ်ထဲမှ ထွက်ရန်တံခါးကိုဆွဲဖွင့်လိုက်ရာ တစ်ဖက်တွင်လည်း Taishi တစ်ယောက် တံခါး ခေါက်ရန် ပြင်ဆင်နေတုန်း အထဲမှ တံခါးဆွဲဖွင့်လိုက်သောကြောင့် အနည်းငယ် တုန်ရီသွားလေသည်
Ai - အစ်ကို
အပြင်ဘက်မှ သူ့အားရပ်နေသည်ကိုတွေ့လိုက်သော ကြောင့် သူမက လှမ်း၍နှုတ်ဆက်လိုက်လေသည် သူမအသံကြောင့် ထို့အမျိုးသားလဲ သူအား ခေါင်းလေးနည်းနည်းညွှတ်တဲ့ပုံစံပြကာ နှုတ်ဆက်လိုက်သောကြောင့် သူလည်း ထို့အမျိုးသားကိုပြန်၍ နှုတ်ဆက်လိုက်လေသည် ထို့နောက် အဲ့ဒီအမျိုးသားလဲ အမြန်အဆန်ပင် အပြင်သို့ထွက်သွားလေသည်
Ai - အစ်ကို လာ ဝင်ခဲ့လေ
Taishi - အော် အေး အေး
အိမ်ထဲသို့မဝင်သေးဘဲ အပြင်ထွက်သွားသောအမျိုးသားကို သာလိုက်ကြည့်နေမိသော
ကြောင့်အထဲမှ သူမကနေပြီး သူ့ကိုလှမ်းခေါ်လိုက်တော့မှသာ အကြည့်ကိုလွဲကာ အထဲသို့ဝင်လာခဲ့လိုက်လေသည်Taishi - ဟို ခုနက လူက ... ?
Ai - အွန်း... အော် အဲ့ဒါက Ai ဦးလေးလေ သူကအဲ့လိုပဲစကားသိပ်မပြောဘူး အနေအေးတယ်လေ စကားလဲနည်းတယ်အရမ်း ပြီးတော့ Ai ကတစ်ယောက်ထဲမှနေလို့မဖြစ်တာ အဲ့ဒါကြောင့် ဦးလေးအိမ်မှာ လာနေနေတာလေ ဦးလေးရဲ့အိမ်လို့သာပြောရတာပါ ဒီနေရာက Aiတို့တွေရဲ့ မွေးရပ်မြေလေ အဖိုးလက်ထက်ထဲကနေ အခုသေးသေးလေးတွေအချိန်အထိ ဒီမှာ ကြီးပြင်းလာခဲ့ကြတာလေ အခုတော့ဦးလေးက ဆက်လက်ထိန်းသိမ်းထားတယ်ဆိုပါတော့
ВЫ ЧИТАЕТЕ
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Любовные романыကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...