Page (18)

30 3 0
                                    

Name Of Love ❤

Page (18)

အလွန်သာယာသော မနက်ခင်းလေးတစ်ခု,
မနက်ခင်း ၇ နာရီ ၄၄ မိနစ် အချိန်တွင် အဝေးပြေး လမ်းမကြီး တစ်ခုပေါ် ၌ BMW အပြာရောင်ကားတစ်စီး အရှိန်အနည်းငယ်မြန်စွာ
ဖြင့် မောင်းနှင်လာနေလေသည် အခုလို့မျိုး သူမ အားငယ်ပြီး အထီးကျန်နေတဲ့ အချိန်တွင်သူမ့အနားမှာ သူ့အနေနဲ့ရှိ​​နေပေးသင့်သည် လို့ ထင်တယ် သူမသည် မကြာခင် သူ့အနားကနေ အပြီးပိုင် ထွက်ခွာသွားတော့မှာ ဖြစ်တာကြောင့် သူမကို သူအရမ်းပင်တွေ့ချင်နေမိလေသည် သူမကိုလည်း ဒီလိုအခြေအနေမျိုး မဖြစ်လာ​အောင် သူဘယ်လိုပဲ ဖြစ်နေဖြစ်နေ မရရအောင် အစွမ်းကုန်ကြိုးစားမယ်ဟုလည်းမျှော်လင့်ထားပေသည် ထိုသို့ သူမ ရှိတဲ့နေရာကို သူမ၏ အမေက ပြောပြလိုက်တဲ့အတိုင်း လိုက်လာခဲ့လေရာ အခုဆိုရင် သူမရှိနေတဲ့ နေရာသို့ ရောက်လာခဲ့လေသည်

Taishi - ဟိုလေ အစ်ကို Ai ဆိုတဲ့ ကောင်မလေးတစ်ယောက် အိမ်ကဘယ်နားမှာလဲ မသိဘူး ခင်ဗျ ?

"Ai ! အော် သိပြီ သိပြီ ကောင်မလေးအိမ်က ဟိုးးးး အရှေ့နားလောက်မှာ ဒီကနေဆက်သွားရင် သိပ်မဝေးတော့ဘူး"

Taishi - အော်... ဟုတ်ကဲ့ အစ်ကို ကျေးဇူးပါပဲ

ထို့လူကိုနှုတ်ဆက်ကာ သူလည်း သူမ နေတဲ့ နေရာကိုလိုက်မေးမြန်းကြည့်ပြီး ထို့နေရာသို့ ဦးတည်လာခဲ့လေသည် ထို့နောက်အိမ်တစ်လုံး ရှေ့သို့ရောက်လာခဲ့လေရာ ထို့အိမ်သည် မည်သူမျှ မရှိသလိုပင် တိတ်ဆိတ် ငြိမ်သက်နေလေသည် သူလည်း ကားပေါ်မှဆင်းကာ အိမ်ရှေ့၌ ဟိုကြည့်ဒီကြည့် ကြည့်နေမိလေသည် အိမ်ထဲသို့ လှမ်းကြည့်လိုက်ပင်မဲ့လဲမည်သူ့အရိပ်အယောင်မှ မတွေ့ရပေ ထို့နောက် ခြံတံခါးကို အမှတ်တမဲ့ ကိုင်မိလိုက်လေရာ တံခါးမှာ သော့မခတ်ထားသောကြောင့် အနည်းငယ် ဖွင့်သွားလေရာ သူလည်းစဉ်းစားမနေတော့ပဲ အရိပ်အကဲအနည်းငယ်ကြည့်လိုက်ပြီး အိမ်ထဲသို့ ဝင်လာခဲ့လိုက်လေသည် ထို့နောက် အိမ်ရှေ့တံခါး မှာ ရပ်လိုက်ပြီး တံခါးကိုခေါက်မယ်လို့ လှမ်းလုပ်လိုက်ပင်မဲ့လဲ သူရဲ့စိတ်တွေ အရမ်းလှုပ်ရှားနေ သောကြောင့် တံခါးခေါက်ဖို့
မဝင့်မရဲဖြစ် နေလေသည်

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now