Page (23)

32 3 0
                                    

Name of Love ❤

Page (23)

အဲ့ဒီလိုနဲ့ နှစ်ယောက်သား ဒီတစ်နေ့တာအတွက် ပွဲတော်ထဲတွင် အတူတူ အချိန်တွေကို ပျော်ရွှင်မူတွေနဲ့သာ ဖြတ်သန်းနေခဲ့ကြလေသည် သူမကတော့ ရောဂါအခြေအနေရော သူမခံစားနေရတဲ့အရာတွေရော သူမမှာ ဖြစ်ပျက်နေတဲ့အရာတွေအားလုံးကို မေ့ဖျောက်ထားလေသည် သူမသည် သူရဲ့အနားမှာရှိနေရပြီး သူတွဲထားသောလက်ကလေးကိုလဲမဖြုတ်သကဲ့သို့ သူမရဲ့မျက်နှာပေါ်တွင်လည်း အပြုံးများစွာဖြင့် ဟိုဝယ်ဒီဝယ် ဟိုစားဒီစားနဲ့ ပျော်ရွှင်နေပေလေသည် သူမတစ်ခါမှ ဒီလိုပျော်ရွှင်မူမျိုး မရှိခဲ့ရဖူးပေ အခုသူမ Taishi တစ်ယောက်ကြောင့် တစ်ခါမှ မရခဲ့ဖူးတဲ့ပျော်ရွှင်မူတွေကိုလဲ ရရှိပြီး ကျန်ရှိနေတဲ့အချိန်လေးအတွင်း သူရဲ့အနားမှာ ရှိနေခွင့်ရတဲ့အတွက် သူမ့ရင်ထဲ၌လဲ အရမ်းပင်ဝမ်းသာကျေနပ်နေမိလေသည် ပွဲတော်သည် အလွန်ပင်စည်းကားလှပလွန်းလှပေလေသည် စားစရာတွေ အမှတ်တရပစ္စည်း ဆိုင်တွေနဲ့လဲ ပြည့်စုံနေပေလေသည် ဟိုဆိုင်ဝင်ဒီဆိုင်ထွက်နဲ့လုပ်နေသော သူမရဲ့အပြုအမူလေးတွေကတော့
သူအတွက်ဖို့ အလွန်ပင်ချစ်စရာကောင်းနေလေသည် သူမသည် မကြာခင်မှာ သေရတော့မဲ့ လူမမာတစ်ယောက်ဖြစ်နေသော်လည်း သူ့အမြင်မှာတော့ သူမကို ပျော်ပျော်ပါးပါးနေတတ်ပြီး အရာရာကိုသည်းခံ​တတ်ပြီးဖြတ်ကျော်နိုင်တဲ့ မိန်းကလေးတစ်ယောက်လို့ပဲ မြင်နေလေသည် သူမကသာ အရှေ့ကနေ သူရဲ့လက်ကိုဆွဲပြီး​စကားတပြောပြောနဲ့ လျှောက်သွားနေသော်လဲ သူကတော့ သူမပြောသမျှကိုသာ ခေါင်းလေးတစ်ညိတ်ညိတ်နဲ့ နားထောင်နေပြီး သူမကိုသာ လိုက်ကြည့်နေမိလေသည်

Ai - အစ်ကို...

Taishi - အွန်း ပြောလေ Ai

Ai - ဟို ...အစ်ကိုဘာဖြစ်နေတာလဲ?

Taishi - ဘာဖြစ်လို့လဲ?

Ai - ဟို...အစ်ကိုကဘာမှလဲသိပ်မပြောဘူး ဒီတိုင်းကြီးငြိမ်နေလို့ပါ ဟို... Ai သွားချင်နေတဲ့နေရာတွေပဲ လျှောက်သွားနေမိလို့လား? အစ်ကို ပင်ပန်းနေပြီထင်လို့ပါ

Taishi - အစ်ကိုမပင်ပန်းပါဘူး ဘာမှလဲမဖြစ်ဘူး အစ်ကိုက Ai ပျော်နေတာလေးတွေကို
ကြည့်ပြီး ကျေနပ်နေပါပြီ အစ်ကို့အတွက်ဘာမှမပူနဲ့ ဒီကိုလာတာ Ai အတွက်ပါ ပြီးတော့ Ai ရဲ့ချစ်စရာပုံစံလေးတွေကိုကြည့်ပြီး အစ်ကိုအတွက် အမောပြေစေပါတယ် ဗျာ

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Donde viven las historias. Descúbrelo ahora