Name Of Love ❤
Page (14)
အလွန်နွေးထွေးနေတယ်လို့ထင်ရတဲ့ ကြည့်နူးစရာကောင်းလှပြီး အေးချမ်းသာယာလှတဲ့ ကျက်သရေရှိလှသော မနက်ခင်း၌ ပန်းခြံတစ်ခုထဲရှိ ခုံတန်းတစ်ခု ပေါ်တွင် Taishi တစ်ယောက် ဝမ်းနည်းလွမ်းဆွတ်နေသော
မျက်နှာနဲ့ တစ်ခုခုကို တွေးတောနေလေသည် သူအတွက်ကတော့ ဘယ်လောက်ပင် အေးချမ်းသာယာလှပြီး နွေးထွေး ကြည့်နူးဖွယ်ရာကောင်းနေပါစေ အရာအားလုံးဟာ စိတ်ပျက်အားငယ်ပြီး ဝမ်းနည်း လွမ်းဆွတ်စရာပင် အလွန်ကောင်းနေတော့သည် ထို့နေရာသည် သူမနဲ့ သူနောက်ဆုံး တွေ့ ခဲ့သော နေရာပင်ဖြစ်သည် သူအတွက်အဖို့ တော့ အဲ့နေ့ညကဖြစ်ပျက်ခဲ့တဲ့ အရာတွေအကုန်လုံးဟာ မနေ့တစ်နေ့ကဖြစ်ပျက်ခဲ့သလိုမျိုး သူစိတ်ထဲတွင် မှတ်မိနေလေသည် အခုဆိုရင် သူမ နဲ့ မတွေ့ဖြစ်တော့တာ အချိန်တစ်ပတ်တောင် ကြာခဲ့ပြီလေ သူမဆိုင်ကိုလည်းမလာတော့ပေ သူဆီကိုလည်း မက်ဆေ့ မပို့တော့ပေ သူမသည် သူအနားကနေ
အစအန မရှိ လုံးဝပျောက်ကွယ် သွားတော့လေသည် သူ သူမကို လိုက်ရှာချင်နေခဲ့ပင်မဲ့ သူမ သူ့အနားကနေ ထွက်သွား ခဲ့ရတာ သူ့အပြစ်ကြောင့်မို့လို့ နောင်တတွေ အများကြီး နဲ့ ကိုယ့်ဟာကိုယ် လိပ်ပြာမလုံပဲ အပြစ်တင်စိတ်တွေ ဖြစ်နေမိလေသည် အကယ်၍ သူမကို လိုက်ရှာခဲ့ပြီပဲထား သူ သူမနဲ့ရင်ဆိုင်ဖြေရှင်းဖို့ သတ္တိ
တွေ ပျောက်ဆုံးနေခဲ့မှာပဲ လွမ်းဆွတ်နေတဲ့စိတ်ကိုထိန်းချုပ်မရသောကြောင့်ဆက်သွယ်စုံစမ်း မေးမြန်း ပြီး လိုက်ရှာချင်ပင်မဲ့လည်း သူမပြောသွားတဲ့ ခါးသီးလှတဲ့ စကားတွေကြောင့် သူ သူမကိုလိုက်မရှာခဲ့ပေ သူမရဲ့စကားတွေက သူလိုက်ရှာခဲ့ရင်တောင်မှပဲ သူဟာ သူမအတွက်တော့ အပိုတစ်ယောက်အနေနဲ့သာ ဖြစ်နေပြီး သူမ သူကိုလည်း အပြစ်ပေါင်းများစွာဖြင့်
ခွင့်မလွှတ်နိုင်ပဲဖြစ်နေပေလိမ့်မည် သူမကို နေ့တိုင်းသတိရတဲ့စိတ်နဲ့ သူငယ်ချင်းတွေ နဲ့တောင် သိပ်မတွေ့ဖြစ် တော့ပေ အရင်လို ပြိုင်ပွဲတွေ စိတ်ဝင်စားတဲ့ သူက သူငယ်ချင်းတွေကားပြိုင်ပွဲ လာခေါ် တာတောင် မလိုက်ဖြစ်တော့ပေ သူဘာတွေ ဘယ်လိုပဲဖြစ်နေ ဖြစ်နေ ဘာတွေ ဘယ်လိုပဲ ရင်ကွဲမတတ် ခံစားနေရပါစေ သူရဲ့ သူငယ်ချင်းတွေကတော့ သူကိုမထားသွား ခဲ့ပေ အရင်တုန်းကအမြဲတမ်း တက်ကြွတက်ကြွ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး လွတ်လွတ်လပ်လပ် နေတတ်တဲ့သူက
အခု ငေးတီငေးမိုင် နဲ့သူမအကြောင်းကိုသာ အမြဲတမ်း တွေးတောနေပြီး ဘယ်သူနဲ့မှလဲစကား မပြောတော့ပေ
YOU ARE READING
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...