Page (5)

71 8 0
                                    

Name Of Love ❤

Page (5)

မနက် ၁၁ နာရီ ၁၅ မိနစ်အချိန်တွင်
Taishi တစ်ယောက် သင်တန်းမဆင်းသေးသောကြော င့်ဂနာမငြိမ် ဖြစ်နေလေသည် မနေ့ညက ဂိမ်းပြိုင်ပွဲ အကျိုးကျေးဇူးကြောင့် အခုအိပ်ရာ လွမ်းနာကျနေလေသည်

"ကလင် ကလင် ကလင်"

"ဟျောင့် Taishi မနေ့ကကောင်မလေးရော
ဘယ်လိုလဲ အဆင်ပြေရဲ့လား ?"

"ငါတို့ကိုသက်ဆိုင်ရာနဲ့တော့မတိုင် လောက်ပါဘူး နော် "

Taishi - မတိုင်ပါဘူး ရဲစခန်း ပဲပို့မှာ

"ဟျောင့် မင်းမပြောင်နဲ့နော်"

Taishi - အေးပါကွာ ငါကစတာပါမင်းတို့ကလဲကြောက်တတ်လိုက်တာအဆင်ပြေအောင်ငါသေချာကြည့်လုပ်ပေးလိုက်ပါတယ်

"တော်သေးတာပေါ့ Nayoကိုတော့ ငါတို့ကြည့်ပြောပေးထားတယ် နည်းနည်းတော့နားငြီးခံလိုက်ရတာပေါ့ကွာ အော် ဒါနဲ့ဝင်တိုက်မိတုန်းက ဟိုကောင်မလေးစက်ဘီးကျန်ခဲ့တယ် အဲ့ဒါသွားပေးရအုံးမယ် "

Taishi .- ဟုတ်လား ? ဒါဆို ငါသွားပေးလိုက်မယ်

"မင်းကနေရာသိလို့လား ?"

Taishi - သူအလုပ်လုပ်နေတဲ့ နေရာတော့သိတယ်

"အေးပါ မင်းကရော နောက်အချိန်ဆက်မတက်တော့ဘူးလား? "

Taishi - မတက်တော့ဘူး ငါဒီနေ့နည်းနည်းပျင်းနေလို့ သွား​ပြီ ဟျောင့် နောက်မှတွေ့မယ်

"အေးအေး"

သူမ့စက်ဘီးကို နင်းကာဆိုင်ဘက်သို့ဦးတည်လာခဲ့လေသည် ဆိုင်နားရောက်တော့ သူမကိုမတွေ့တာနဲ့ ဆိုင်ထဲရှိဝန်ထမ်းတစ်ယောက် ကိုမေးလိုက်လေသည်

Taishi - ဟို ...ခနလောက် ဒီဆိုင်မှာ mask တပ်ထားတဲ့ ဝန်ထမ်းကောင်မလေးများရှိလားမသိဘူး ?

"mask?! အော်... သူမလား? ခဏနားချိန်ဆိုတော့ သူမဆိုင်အနောက်ဘက်မှာ ရှိမယ်ထင်တယ် "

Taishi - အော် ကျေးဇူးပါပဲ

ထိုဝန်ထမ်းကောင်လေးပြောရာ ဆိုင်အနောက်ဘက်သို့စက်ဘီးကလေးတွန်းကာ လှည့်ဝင်လာခဲ့လိုက်လေသည် ထိုနောက် ဆိုင်နောက်ဘက်ခြမ်းသို့ရောက် သောအခါတွေ့လိုက်ရသည့်အရာကြောင့် ရုတ်တရက် သူ့ရင်တွေတုန်လှုပ်သွားခဲ့လေသည် အပြာရောင်ကောင်းကင်ကြီးကို မျက်တောင်မခတ်တမ်းမော့ကြည့် နေပြီး အတောက်ပဆုံးအပြုံးတစ်ခုကို သူမပြုံးနေမိ
သည် မျက်နှာပေါ်တွင်အနည်းငယ် ဝက်ခြံကလေးများ ပေါက်ရောက်နေပြီ တိုက်ခတ်လာသောလေကို သူမလွတ်လွတ်လပ်လပ် ရှုရှိုက်
၍နေလေပြီလက်တွင် maskကိုကိုင်ထားကာ ကောင်းကင်ကြီးကိုသာ တောက်တောက်ပပ မျက်ဝန်းများဖြင့် မော့ ကြည့်နေလေသည်
ထို့နောက် သူမကို တစ်စုံတစ်ယောက်
ကြည့်နေသည်ကို သတိထားမိလေရာ ထိုသူဘက်သိုလှည့်ကြည့် မိလိုက်ရာ သူတို့နှစ်ဦးအကြည့်ခြင်းဆုံကြမိလေသည် သူမသည် ကြောင်တောင်တောင်ဖြင့် ကြည့်နေမိသလို သူကလည်း သူမကိုတအံတသြစိုက် ကြည့်နေလေသည် နှစ်ယောက်စလုံးအဖို့ အံ့သြမူများစွာဖြင့် တစ်ယောက်ကိုတစ်ယောက် အကြည့်မလွဲပဲ ငေးကြောင်ကြည့်နေမိသည်

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now