Name Of Love ❤
Page (9)
မနက်ခင်း တစ်မနက်တွင် သူမ အလုပ်သွားရန်ပြင်ဆင်နေလေသည် မိန်းမသားမို့လို့အလှပြင် ရပင်မဲ့ သူမတစ်ခါမှ မပြင်ခဲ့ဖူးဘူးပေ အခုသူမ စိတ်တွေ ပြောင်းကာ မှန်ရှေ့မှာသူမရပ်နေပြီး ကိုယ့်ဟာကိုယ်ဟိုလှည့်ဒီလှည့်ကြည့်နေမိလေရာ သူမ အခုမှ မျက်နှာကို သေသေချာချာပြန်ကြည့်မိတော့မှ အရင်ကလို ဝက်ခြံများ မရှိတော့ပေ ဝက်ခြံဆိုတဲ့အမျိုးက ဂရုစိုက်လေ ပေါက်လေဖြစ်သလို သူမအတွက်ကတော့ ကိုယ့်ဟာကိုတောင် ဂရုမစိုက်နိုင်သောကြောင့်ဝက်ခြံပျောက်လို့ ပျောက်သွားမှန်း တောင် မသိဖြစ်နေခဲ့လေရာ သူမအရမ်းကျေနပ်သွားပြီး ပြုံးလိုက်မိလေသည်
Ai - ဝက်ခြံတွေတောင် မရှိတော့ပါလား ?
ငါ့ကိုငါတောင် သတိမထားမိခဲ့ပါလား နော် ?သူမ mask ကိုလူရှေ့သူရှေ့မှာမချွတ်ရဲပင်မဲ့လဲ သူနဲ့ တွေ့တော့ သူက ချွတ်ထားလိုက်ပါ နေရမခက်ဘူးလား? လို့ ပြောခဲ့သောကြောင့် သူမ ချွတ်ထားခဲ့လေရာ တစ်ခါတစ်လေမှာ mask ဝတ်ဖို့ကိုတောင် သတိမရတော့ပေ
သူမ မှန်ကြည့်နေရင်း ဘေးနားရှိ အံဆွဲထဲမှ နှုတ်ခမ်းနီဘူးကိုထုတ်ကာ ဆိုးလိုက်လေသည်Ai - အင်း လှသွားပြီထင်တယ်
နေပါအုံး မကောင်းပါဘူး သူ မကြိုက်လိုက်လောက်ဘူး ဟာ... ငါဘာတွေလုပ်နေမိတာပါလိမ့် အရင်ကအဲ့လိုမဟုတ်ပါဘူး အရူးမတစ်ယောက်တည်း ယောက်ယက်ခတ် နေရာ ကိုယ့်ရုပ်ကိုယ်ပြန်ကြည့်ကာ စိတ်တိုင်းမကျသောကြောင့် ဆိုးထားသော နှုတ်ခမ်းနီ ကိုပြန်ဖျက်လိုက်ပြီး လွယ်အိတ်ကို လွယ်ကာ အလုပ်သို့ သွားရန် ထွက်လာခဲ့လေသည်
ဆိုင်သို့ရောက်သောအခါ သူမ စိတ်တွေအရမ်းလှုပ်ရှားနေလေသည်Ai - ဘာလို့ စိတ်လှုပ်ရှား နေရတာလဲ? အရင်က တစ်ခါမှမဖြစ်ဖူးပါဘူး ဟူးးး စိတ်ကိုထိန်း စိတ်ကိုထိန်း
သူမ သူနဲ့တွေ့ရမှာကို စိတ်လှုပ်ရှား နေတာကြောင့် ကိုယ့်ဟာကိုယ် စိတ်ကိုပြန်ပြင်ဆင်နေတုံး အနောက်ကနေ သူမ အနားသို့ကပ် ကာပြောလိုက်သည့် အသံတစ်ခုကိုကြားလိုက်သောကြောင့် သူမလန့်ပြီးလှည့်ကြည့်မိလိုက်ရာ သူတို့နှစ်ဦး မျက်နှာချင်း နီးကပ်သွားသောကြောင့် သူမရှက်သွားပြီး ခေါင်းကိုအောက်သို့ ငုံ့ ချလိုက်လေသည်
YOU ARE READING
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...