Name Of Love ❤
Page (8)
မနက်ခင်းပိုင်းသင်တန်းဆင်းအချိန်တွင် 'ဒုန်း' ဆိုတဲ့ အသံနဲ့အတူ ဗီဒိုနဲ့နောက်ကျောကို တွန်းထုတ်တာကိုခံလိုက်ရလေရာ Taishi တစ်ယောက် ခါးနာသွားလေသည် မနေ့က သူမနဲ့ လိုက်သွားမိတာကြောင့် သူငယ်ချင်းတွေ ရဲ့အဆော်ပလော် တီးခြင်းကိုခံနေရခြင်းဖြစ်သည်
"ဟျောင့် မင်းနော် ငါတို့ကိုတောင် ထားခဲ့ရတယ်လို့ "
"အေးလေ မင်းဟာက အရမ်း သိသာမနေဘူးလား ?"
"ငါတို့မှာ ဘာပြောရမှန်းမသိ ကြောင်တောင်တောင်နဲ့ ကျန်ခဲ့ရတယ် လို့ "
Taishi - မင်းတို့ကလဲ ကောင်းကောင်း ပြောလို့လဲရပါတယ်ကွာ အဲ့လောက်ထိတော့လုပ်ဖို့မလို့ပါဘူး အားးးး နာလိုက်တာ ငါတောင်းပန်ပါတယ် လို့ပြောပြီးပြီပဲလေ
"အေး မင်းကို ငါတို့က ကိုင်ပါ ပေါက်ချင်နေတာ "
"ဒါနဲ့ အခြေအနေ ကရော? "
Taishi - ဘာကိုလဲ?
"မင်းကလဲ တုံးလိုက် တာကွာ
ကောင်မလေးနဲ့ပြောတာလေ"Taishi - အော် မင်းတို့ကလည်း မသိချင်လို့တာပဲ
"ဘာလဲ မပြောပြချင်တာလား ? မင်းက အေး ငါစိတ်ကောက်လိုက်မှာနော်"
"ထွီး ရွံ့လိုက်တာကွာ ဘာလဲ မင်းက ဒီကောင်ကို ကြိုက်နေတာလား ?"
"မင်းကလည်း အမှန်တွေအရမ်းမပြောနဲ့လေ "
Taishi - ကြက်သီးတောင်ထတယ်ကွာ
"စတာပါ မင်းတို့ကလည်း မသိရင် ငါကပဲခြောက်နေတာကျနေတာပဲ တော်တော့
ဟျောင့် ဟိုကောင် Taishi စကား လမ်းကြောင်း မလွဲနဲ့ မင်းနဲ့ကောင်မလေးအကြောင်း ငါတို့ကိုပြောပြ ဒါပဲ "ကိုယ့်အပြစ် နဲ့ ကိုယ်မို့လို့ သူငယ်ချင်းတွေ ရဲ့ နှိပ်စက်ခြင်း ကိုခံနေရတဲ့အပြင် သူ့ရဲ့လျှို့ဝုက်ချက်ကြီးကိုပါမေးနေတာကြောင့် ထွက်ပြေးချင်စိတ်တောင် ပေါက်နေပြီး ငယ်သူငယ်ချင်းတွေမို့လို့ တစ်ယောက်အကြောင်း တစ်ယောက် အကုန်သိကြပင်မဲ့ အကြောင်း တစ်ခုခုဆိုရင်လည်း ချန်မထားတတ်ကြပဲ အကုန်ပြောပြတတ်ကြလေသည် အခုလည်းလျှို့ဝှက်ချက်တစ်ခု ဖြစ်ပင်မဲ့လဲ သူငယ်ချင်းတွေကိုမပြောပဲလည်းမနေနိုင် မပြောလို့ကလဲ မရတော့တဲ့ အခြေအနေ မှာ ဖြစ် နေရပြီလေ အဲ့ဒါကြောင့် သူမနဲ့ပတ်သက်တဲ့ အကြောင်းတွေကို သူငယ်ချင်းတွေ အား ပြောပြလိုက်ရလေသည်
YOU ARE READING
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...