Name Of Love ❤
Page (3)
"ကလင် ကလင် ကလင် "
နေ့လည်ခင်းသင်တန်းဆင်းချိန်မို့ သင်တန်းကျောင်းထဲမှလူအချို့ရုတ်ရုတ်သဲသဲ ထွက်လာကြလေသည် ထိုထဲမှသူငယ်ချင်းတစ်စု မုန့်ဆိုင်တစ်ဆိုင်ရှေ့တွင် အချင်းချင်း လောင်ပြောင်စကားပြောနေကြလေသည်
"ဟျောင့် မြန်မြန်လုပ်လေကွာ ဘာတွေများရွေးဝယ်စရာရှိလို့ကြာနေတာလဲ?"
"သွားမပြောနဲ့ အဲ့ကောင်ခိုးဖို့ကြံနေတာဖြစ်မယ် "
Taishi - ဒါနဲ့ငါကမင်းတို့နဲ့ဒီဆိုင်ရှေ့မှာဘာလုပ်နေရတာလဲ ?
"မုန့်ဝယ်နေတာလေကွာ တစ်ချိန်လုံးစာသင်လာရတာလေကွာ ဗိုက်ကလေးတော့ ပေးဖြည့်ပါကွာ မင်းကလဲ "
Taishi - ဟုတ်ပါပြီ ကွာ
"ဒါနဲ့ မနေ့ကအဆင်ပြေတယ်မလား ?"
Taishi - အော်...အဆင်ပြေပါတယ်
"တော်သေးတာပေါ့ ငါကမင်းပါသွားပြီထင်နေတာ "
Taishi - အဲ့ဒါမင်းဖြစ်မဲ့ဟာ
"ဟျောင့် မင်းနော် !"
"သူများသွားပြောမနေနဲ့ မင်းတောင် တွေ့တဲ့အိမ်ပြေးဝင်ပြီးတော့များ အရိုက်မခံရတာပဲ ကျေးဇူးတင် "
"မင်းကလဲ ငါလည်း ဘာလုပ်လို့ဘာကိုင်ရမှန်း မသိဖြစ်သွားလို့ပါ "
"ဒါနဲ့Taishiမင်းရော ဟိုကောင်နဲ့ဘာဖြစ်သေးလဲ?"
Taishi - မသိဘူးလေ
"ငါကြားတာတော့ ဒီကောင် အဆွဲခံရတယ်တဲ့ "
Taishi - အွန်း...
သူငယ်ချင်းတွေနဲ့ ဖြစ်ကြောင်းကုန်စဉ်ပြောပြနေချိန် တစ်ဖက်ကားလမ်းသို့ အမှတ်မထင် ဝေ့ကြည့်မိလိုက်ရာ ဟိုနေ့ညကမိန်းကလေးအား လှမ်းတွေ့မိလိုက်လေသည်
ထိုစဉ် တစ်ပြိုင်နက် ထဲ ဘာမှစဉ်းစားမနေတော့ဘဲ ထို့ကောင်မလေးနောက်သို့ အသကုန် ပြေးလိုက်တော့လေသည်
"ဟျောင့် Taishi ဘယ်သွားမလို့လဲ? "
"ဟျောင့် ဟျောင့် ဟျောင့် !!! "
"ဒီကောင်ဘယ်ထွက်သွားတာလဲ ?"
မနေ့ညက မီးရောင်ကြောင့်ဝိုးတဝါးမြင်လိုက်ရပင်မဲ့လဲ သူမရဲတွေနဲ့ စကားပြောနေချိန်မှာ သူမမျက်နှာကိုပဲ ကြည့်နေမိတာကြောင့် သူ့အတွက် မှတ်မိလေပေသည် ကျေးဇူးတင်စကားပြောဖို့အတွက်အချိန်မရလိုက်တာကြောင့် သူ့အားကာကွယ်ပေးလိုက်တဲ့ ကောင်မလေးတစ်ယောက်ကို သူသေသေချာချာ ကျေးဇူး တင်နေမိချင်သည် ထိုကြောင့် သူမကိုလှမ်းတွေ့လိုက်ခြင်းပင် သူအပြေးအလွှား လိုက်သွားလိုက်လေသည် ဒါပင်မဲ့ မီးပွိုင့်အလွှတ်ကြောင့် ကားများတစ်စီတစ်ခေါ် မောင်းနှင်းလာသောကြောင့် သူမကိုအမီ မတွေ့လိုက်ရတော့ပေ ကားဖြတ်နည်းသွား၍ ဟိုဘက်လမ်းသို့ အမြန်ပြေးကြည့်ရာ သူမကိုသူမျက်စိရှေ့ကအလျင်အမြန်ပင် ပျောက်သွားလေတယ် ဘေးဘီဘေးရာ လိုက်ကြည့်ပင်မဲ့လဲသူမကိုမတွေ့တော့ချေ
"ဟျောင့် ဘာဖြစ်လို့လဲ ဘယ်သူကိုလိုက်ရှာနေတာလဲ? "
ESTÁS LEYENDO
[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }
Romanceကိုယ့်ကိုယ်ကို ရုပ်အရမ်းဆိုးတယ်လို့ အမြဲတမ်းထင်နေပြီး သွားလေရာမှာ Mask ကြီးအုပ်ပြီး အမြဲနေလေ့ရှိတဲ့ ကောင်မလေး တစ်ယောက်, မျက်နှာပေါ်မှာ ဝက်ခြံနဲ့ အနီစက်ကလေးများကြောင့် ဟိုးငယ်ငယ်လေးကထဲက အခြားသူများနဲ့ ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့ ရှုံ့ချ ခြင်းကိုခံခဲ့ရတဲ့အပြင...