Page (19)

31 2 0
                                    

Name Of Love ❤

Page (19)

သူမက သူ့အား တစ်ခုခုမေးချင်နေတဲ့ အကြည့်နဲ့ကြည့်နေသောကြောင့် စကားကိုဆက်ပြောလိုက်လေသည်

Taishi - ဟုတ်တယ် Ai မင်းအကြောင်းတွေ ကိုယ်အကုန်သိပြီးပြီ

Ai - အကုန် !?

Taishi - ဟုတ်တယ် ဒါပင်မဲ့ မင်းသိလား?! မင်းက တကယ့်လူဆိုးမလေးပဲ ကိုယ့်စိတ်ထဲမှာ မင်းက အချိန်ပြည့် နေရာယူထားတော့ ကိုယ်ကဘယ်လိုလုပ်အိပ်လို့ရတော့မှာလဲ ?

သူ့အပြောကြောင့် သူမအနည်းငယ် ရယ်မိလိုက်ပြီး သူအားပြန်ဖြေလိုက်လေသည်

Ai - ဘယ်သူကယူထားလို့လဲ? အိပ်လို့မရရင် ကိုယ့်ဟာကိုယ်အိပ်ဆေးသောက်ပြီး အိပ်ပါလား?

Taishi - အဲ့လိုလုပ်လိုက်ရမလား? အဲ့ဒါလဲကောင်းပါတယ်လေ ဆေးတွေအများကြီးသောက်ပြီး မင်းနဲ့အတူလိုက်ခဲ့လိုက်မယ်လေ

Ai - အစ်ကို အဲ့ဒီလိုမပြောပါနဲ့ Ai နဲ့ အတူ အစ်ကို့ကို ပေးမလိုက်နိုင်ပါဘူး

သူမအဲ့လို့ပြောပြီး အနည်းငယ် မျက်ရည်စများ ကျလာသောကြောင့် လက်ကလေးဖြင့် ပွတ်သပ်ပြီးသုတ်လိုက်လေသည် သူမရဲ့အပြုအမူကို
ကြည့်နေရင်း​နဲ့ သူ့စိတ်ထဲတွင်လဲ သူမနဲ့မခွဲချင်တာတော့ အမှန်ပင်

Taishi - Ai ကိုယ့်ကိုဘာလို့ဖုံးကွယ်ခဲ့တာလဲ ?
မင်းမှာဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာကိုလေ

Ai - အခု အစ်ကိုအကုန်လုံး သိပြီးသွားပြီပဲ
Ai ကိုဘာလို့လာမေးနေရသေးလဲ ?

Taishi - Ai ကိုယ် အခုနကပြောလိုက်တဲ့အထဲမှာ မင်းအကြောင်းတွေ အကုန်သိပြီးပြီလို့ ပြောလိုက်တယ်လေ

သူဘာပြောချင်နေတာလဲဆိုတာကို သူမ နားမလည်သောအကြည့်ဖြင့်ကြည့်ကာ ...

Ai - ဘာကိုပြောတာလဲ ?!

Taishi - မင်းအကြောင်းတွေဆိုတာ မင်းကိုယ့်ကို ချစ်နေတဲ့ အကြောင်းလဲပါတယ်

သူမ့မျက်နှာ အနားသို့ကပ်ကာ တိုးတိုးလေး ထို့စကားကိုပြောလိုက်လေရာ သူမလဲ တစ်ခုခုဝှက်ထားတာကို တစ်ယောက်ယောက်က သိသွားသလိုမျိုး အကြည့်ဖြင့် ပြန်ကြည့်ကာ ရှက်ရမ်းရမ်းသွားပြီး သူ့အား တုန်လှုပ်စွာဖြင့် ပြန်ပြောလိုက်လေသည်

[ Zwaygi ] Name Of Love ❤ ( အချစ်၏ နာမည် ){ Completed }Where stories live. Discover now