သွန်းအိမ်ငယ်

18.8K 1.2K 61
                                    

<Unicode>
"ကဲ အားလုံးပဲဒီနေ့ဆရာမတို့အခန်းကိုကျောင်းသားသစ်တယောက်ပြောင်းလာတယ် လာသား မိတ်ဆက်လိုက်ပါအုံး"

"ဥက္ကာမင်းမော်"

"အမ် အင်း သားကြိုက်တဲ့နေရာ၀င်ထိုင်လိုက်နော်"

ဥက္ကာနောက်ဆုံးတန်းမှာထိုင်နေတဲ့ဖြူလုံးလေးကိုမြင်တော့မီးရထားအစီးတစ်ရာလောက်ဖြတ်မောင်းနေသလိုအဆမတန်ရင်တေခုန်‌လာတယ်။သူကဒီနိုင်ငံTop 1သူဌေးကြီးရဲ့တစ်ဦးတည်းသောသားဖြစ်တာကြောင့်သူ့နားကပ်ချင်သူတေကအများအပြား။သူကတော့လှည့်ပင်မကြည့်။ဒါပေမယ့်ဒီကောင်လေးတော့သူများနဲ့မတူထူးခြားနေတယ်။

*အဟက် မင်းလေးကကိုယ့်ကိုတောင်ရင်ခုန်အောင်ပြုစားနိုင်တာသိပ်ပီးသတ္တိတေကောင်းနေတယ်ပေါ့*

သွန်းဘေးနား၀င်ထိုင်လိုက်တော့သွန်းကလှည့်တောင်မကြည့်ပဲသူ့ဖုန်းကိုသာနှိပ်နေသည်။

*အချေလေးပဲအဟက် မင်းနဲ့တွေ့တာ၁မိနစ်တောင်မရှိသေးဘူးမင်းအကြောင်းတွေးမိတာ၂ခါရှိပီ*

ရွှေအဆင်းကတော့ခပ်ချောချောကောင်လေး၀င်လာတော့ငေးနေရင်းနှာဘူးထနေသည်။နောက်တော့ဆရာမကကြိုက်တဲ့နေရာထိုင်ဆိုတော့ကွင်းဖြစ်တဲ့သူ့နားလာထိုင်မယ်‌ထင်ပီးကြိတ်ပြုံးနေသည်။ထိုလူကသူ့ကိုတချက်တောင်မကြည့်ပဲသွန်းနားသွားထိုင်တော့စိတ်တိုကာနှုတ်ခမ်းကိုသွေးထွက်တဲ့ထိကိုက်နေတယ်။‌

*တောက် အဲ့ကောင်သာမရှိရင်ဟိုလူကငါ့နားလာထိုင်မှာ သွန်းအိမ်ငယ်နင်ကဂြိုကောင်ပဲ*

‌သူ့ဘေးကသော်ဇင်ဖြိုးကလဲထိုနည်းတူသွန်းဘေးနားထိုင်တဲ့လူကစိတ်ထဲကမကျေနပ်ဖြစ်နေတယ်။မနက်ထဲကသွန်းပုံစံကအရင်နဲ့မတူပဲကွဲပြားနေတယ်။သူ့ကိုမျက်လုံးတောင်လှန်မကြည့်ဖူးတဲ့သူကမနက်ကသူနဲ့စကားနိုင်လုနေတယ်ပီးတော့သူ့မျက်လုံးတေကအရင်နဲ့မတူအေးစက်နေတယ်။ဒါကိုသူပိုကြိုက်တယ်။

*ဟက် မင်းကိုငါပိုစိတ်၀င်စားသွားပီသွန်း*

(ဘာကြီး ဟိုနွားကငါ့ကိုစိတ်၀င်စားနေပီပေါ့)

Finding true love system (Completed)Where stories live. Discover now