ပိုင်ချန်ဟွေ့

15K 977 20
                                    

<Unicode>
ဘုရင့်အဆောင်ရောက်တော့ဘုရင်ကစားပွဲမှာထိုင်နေပီးကိုယ်လုပ်တော်လင်ရှူးမယ်ကဘေးမှာရပ်နေကာသူ့အားမဲပြုံးနဲ့ကြည့်နေသည်။

*လင်ဆာနေတဲ့ရုပ်နဲ့*

"မင်းကြီး ခေါ်တယ်ဆိုလို့ပါ"

"မိဖုရားဘယ်ကိစ္စကြောင့်ကိုယ်လုပ်တော်လင်ကိုအနိုင်ကျင့်ရတာလဲ"

"အနိုင်ကျင့်တယ်? တစ်ခုလောက်မေးလို့ရမလား"

"ဘာများလဲ"

"မင်းကြီးမြင်လို့လား"

"ဟမ်"

"အစအဆုံးကိုလေ မင်းကြီးမြင်လိုက်လို့လား"

"မမြင်ပေမယ့်"

"မြင်တောင်မမြင်ပဲနဲ့ကျွန်တော်ကအနိုင်ကျင့်တယ်လို့ဘာလို့တပ်အပ်ပြောနိုင်ရတာလဲ"

"ကိုယ်လုပ်တော်လင်ကမဟုတ်ပဲပြောပါ့မလား"

"ဒါဆိုကျွန်တော်ကလိမ်တယ်လို့ပြောတာပေါ့"

"အဲ့တာက"

"တိုင်းပြည်တပြည်ကိုအုပ်ချုပ်နေတဲ့မင်းတစ်ပါးကဘာ‌သက်သေအထောက်ထား ဘာမျက်မြင်မှမရှိပဲ ကိုယ်လုပ်တော်စကားတခွန်းထဲကိုယုံပီးဆုံးဖြတ်တယ်ဆိုတာသာ ပြည်သူတေသိသွားရင် မင်းကြီးကိုဆက်ပီးကြည်ညိုပါအုံးမလားသိချင်မိတယ်"

"မိဖုရားပိုင် ဒါဘာစကားလဲ"

"လူစကားလေ ပီးတော့ပြောလိုက်မယ် ကျွန်တော်ကမိဖုရား သူကကိုယ်လုပ်တော် တကယ်တမ်းကျွန်တော်သတ်ပစ်လိုက်တယ်ဆိုရင်တောင် ကျွန်တော့မှာလုပ်ပိုင်ခွင့်အပြည့်ရှိပီးသား မဘက်လိုက်ပီးမိုက်ဖက်ပါနေရင်ခွေးတောင်လေးစားချင်မှာမဟုဘူး"

"မင်း.."

"သွားလိုက်ပါအုံးမယ်"

"တွေ့လားမင်းကြီး သူကမင်းကြီးကိုတောင်မရိုမသေပြောဆိုသွားတာ"

"ကိုယ်လုပ်တော်လင် အဆောင်ပြန်နားတော့ ငါကိုယ်တော် အနားယူချင်ပီ"

"မင်းကြီးပင်ပန်းနေတာလား လင်ရှူးတ‌စ်ယောက်လုံးရှိတယ်လေ ပြုစုပေးမှာပေါ့"

"ကျစ် ငါကိုယ်‌တော်စိတ်မပါဘူး သွားတော့"

"မင်းကြီးသဘောပါ"

Finding true love system (Completed)Where stories live. Discover now