real life

13.3K 944 20
                                    

<Unicode>
"လူ လူကြီးကဘယ်လို.."

"အော်ဟုတ်သားပဲ ဖွားအပျော်လွန်ပီးမေ့သွားတယ် မြေးငယ်လေး ဒါမြေးငယ်လေးရဲ့ကိုကိုလေ ငယ်ငယ်တုန်းကမြေးငယ်လေးနဲ့သွားအတူစားအတူသိပ်ချစ်ကြတာကွဲ့"

"ဗျာ သား သားမမှတ်မိဘူး"

"အေ့ပေါ့ကွယ် အဲ့တုန်းကမြေးငယ်လေးက၃နှစ်ကျော်ကျော်ပဲရှိသေးတာကိုဘယ်မှတ်မိပါ့မလဲ သားမြတ်ကုဠေ ဒါသားရဲ့ငယ်လေးလေ"

"ငယ်လေး ကိုယ့်ရဲ့ငယ်လေး ဟင့် ကိုယ်မမှတ်မိလိုက်ဘူး ကြည့်ပါအုံးကွာငယ်ငယ်ကနဲ့မတူတော့ဘူးချောလာလိုက်တာ"

"ဟို လူကြီး"

"သားတို့နှစ်ယောက်အေးဆေးစကားပြောကြနော်ဖွား မြေးငယ်လေးအတွက်အခန်းသွားပြင်ပေးမယ်"

"ဟုတ်ကဲ့ဖွား"

"ငယ်လေး!"

"လူကြီး!"

"ငယ်လေးအရင်ပြောပါ"

"ဟို လူကြီးပဲအရင်ပြောပါ"

"ကိုယ့်ကိုမှတ်မိလား"

"ဗျာ ဟိုမမှတ်မိဘူး"

"ငယ်ငယ်ကမဟုဘူး မနေ့ကcenterထဲမှာ၀င်တိုက်မိတာလေ"

"အာ ဟုတ် အဲ့တာတော့မှတ်မိတယ်"

"ငယ်လေးကကွာပြောင်းလဲသွားလိုက်တာငယ်ငယ်ကလိုနှပ်ချေးတွဲလောင်းလေးနဲ့မဟုတော့ဘူး"

"လူကြီးနော် ဒါနဲ့"

"အင်းဘာဖြစ်လဲဟင်"

"ဘာလို့ ပူတင်းလေးလို့မခေါ်တော့တာလဲ"

"အော်ငယ်လေးမကြိုက်မှာဆိုးလို့ပါ"

"ကြိုက်တယ် အဲ့လိုပဲခေါ်"

"ဟုတ်ပီဗျာ ပူတင်းလေးသဘောတိုင်းပါဗျာ"

"ငယ်ငယ်ကကျွန်တော်တို့အရမ်းရင်းနီးခဲ့တာလား"

"ဒါပေါ့ ကိုယ်ပြောပြမယ်"

***
လွန်ခဲ့သော၁၇နှစ်..

ကုဠေတယောက်အိမ်နောက်ကကွင်းပြင်ထဲမှာကစားနေတုန်းရုတ်တရက်မိုးရွာချလာတာကြောင့်အမြန်မိုးခိုရာရှာလိုက်သည်။ထိုအချိန်သရက်ပင်ကြီးအောက်တွင်မိုးခိုနေသောအဖြူလုံးလေး။ထိုကောင်လေးဆီလျှောက်သွားလိုက်တော့မိုးစိုထားတာကြောင့်ကြွက်စုတ်လေးဖြစ်နေပီ။

Finding true love system (Completed)Where stories live. Discover now