ပိုင်ချန်ဟွေ့

14.3K 1K 6
                                    

<Unicode>
"ပူတင်းလေး လာပါအုံးကိုယ်ဖတ်ထားချင်လို့"

ပိုင်ချန်‌ကရှေ့တိုးပေးလိုက်တော့တကိုယ်လုံးကိုသိမ်းကြုံးဖတ်ကာလည်တိုင်မှာမျက်နှာအပ်ထားလေသည်။

"လွမ်းနေတာ"

"ပိုလိုက်တာ"

"မပိုပါဘူး လိုတောင်လိုနေသေးတယ် ကိုယ်ကလေပူတင်းလေးကိုတနေကုန်အလှထိုင်ကြည့်ချင်တာ"

"သွားပါ လူလည်ကြီးစကားတတ်တိုင်း"

"ပူတင်းလေး"

"ဟင်"

"လက်ထပ်ပီးရင်ကိုယ်နဲ့လိုက်နေမှာမဘားဟင်"

"အင်းလေ ဘာလို့လဲ"

"တော်ပါသေးတယ် ကိုယ်ကပူတင်းလေးမလိုက်ချင်ဘူးထင်တာ"

"လူကြီးရှိတဲ့နေရာဆိုဘယ်နေရာဖြစ်ဖြစ်လိုက်မှာ"

"အားးချစ်လိုက်တာကွာ"

"အင့် အတင်းမဖက်နဲ့အသက်ရှူကြပ်တယ်"

"ကိုယ်နမ်းချင်တယ်"

"ဟင် အွန့်"

ကျီကွေ့ဟန်ကဦးဆောင်နမ်းလိုက်တော့ပိုင်ချန်ဟွေ့ကလဲမနမ်းတတ်နမ်းတတ်နဲ့အလိုက်သင့်နေပေးလိုက်သည်။

လွန်ခဲ့သောနှစ်ရက်က....

"မင်းကြီး မိဖုရားပိုင်အကြောင်းစုံစမ်းလာခဲ့ပီးပါပီ"

"အင်းပြော"

"ရှောင်ဘုရင်ကမိဖုရားပိုင်ကိုမယ်တော်ကြီးရဲ့သဘောတူချက်ကြောင့်လက်ထပ်ခဲ့တာပါ ခုချိန်ထိမိဖုရားနဲ့အိပ်ဆောင်မ၀င်ရသေးသလိုရင်းနှီးမှုလဲမရှိပါဘူး"

"ဟူးးတော်သေးတာပေါ့ ဆက်ပြော"

"ရှောင်ဘုရင်ကမိဖုရားပိုင်အပြင်ကိုယ်လုပ်တော်တယောက်လဲရှိပါသေးတယ် နန်းတွင်းထဲကလူတေပြောချက်အရ ရှောင်ဘုရင်ကအဲ့ကိုယ်လုပ်တော်ကိုမျက်နှာသာပိုပေးပါတယ် ပီးတော့အဲ့ကိုယ်လုပ်တော်ကမိဖုရားကိုမလေးစားပဲရန်ဖယ်ရန်ခါပြသနာရှာတာမျိုးလဲရှိပါတယ်"

"ရှောင်ဘုရင် ငါ့အချစ်လေးကြိမထိခဲ့တဲ့မျက်နှာထောက်ပီးလွှတ်ပေးလိုက်မယ် ဟိုကိုယ်လုပ်တော်ကိုစောင့်ကြည့်ထား ငါ့အချစ်ကိုထပ်ပီးရျုပ်လာမယ်ဆိုတခါထဲသတ်ပစ်"

Finding true love system (Completed)Where stories live. Discover now