real life

12.9K 854 16
                                    

<Unicode>
ကမ္ဘာငယ်taxiငှားလိုက်ကာအိမ်လိပ်စာပြောပီးမောင်းနှင်ခိုင်းလိုက်သည်။အိမ်ရောက်တော့...

ဝုန်းးဒုန်းး

"ဘာလဲဟ"

အိမ်ထဲ၀င်လိုက်တော့တစ်အိမ်လုံးပစ္စည်းတေကရစရာမရှိအောင်ပြန့်ကျဲနေပီးထိုအပျက်စီးပုံထဲမှာထိုင်နေတဲ့မြတ်ကုဠေ။

"လူကြီး"

"ပူတင်းလေး!"

"အင့် လူကြီးဘာဖြစ်လို့လဲ"

ပြေးဖက်လာတဲ့လူကြီးကြောင့်အသုန့်ကိုဆိုဖာပေါ်တင်ပေးလိုက်သည်။

"ပူတင်းလေး ဘယ်တေလျှောက်သွားနေတာလဲ ကိုယ်phတေခေါ်နေတာလဲမကိုင်ဘူး ဖွားဖွားပြောတာကမနက်ထဲကထွက်သွားတာတဲ့"

"လူကြီး ကျွန်တော်ပြောစရာရှိတယ်"

"ဟင့်အင်း မပြောနဲ့ ကိုယ့်အနားမှာပဲနေပါ ကိုယ်မင်းကိုထပ်ပီးမဆုံးရှုံးပ့ရစေနဲ့"

"ကျွန်တော်ကအမြဲတမ်းလူကြီးရဲ့အပိုင်ပါ အဲ့ဒါကြောင့်ကျွန်တော်ပြောတာနားထောင်ပေးနော်"

"အင်း"

"မပြောခင် မေးရအုံးမယ် ကျွန်တော်လူသတ်ခဲ့ရင်လူကြီးဘာလုပ်မှာလဲဟင်"

"အလောင်းဖျောက်ပေးမှာပေါ့"

"အဟင်းးလူတတ်ကြီး"

ကမ္ဘာငယ်လဲအကြောင်းစုံကိုပြောပြလိုက်သည်။

"ဘာ!ပူတင်းလေး ဘာဖြစ်သွားသေးလဲကိုယ့်ကိုပြပါအုံး"

"မဖြစ်ပါဘူး ဒါပေမယ့်အသုန်တော့ဒဏ်ရာရလာတယ်"

"ပူတင်းလေးမဖြစ်ရင်ရပါပီ"

အသုန်_😑

ထိုအချိန်အသုန့်နားကိုhok(ဟိုကြောင်ဖြူကြီး)ကရောက်လာသည်။

"အီးးမလာနဲ့ ရှူးးသွားစမ်းပါ hostရေ"

hokကသွေးထွက်နေတဲ့နေရာကိုလျှာနဲ့လျက်ပေးကာသန့်ရှင်းပေးနေသည်။ပီးတော့မှဂုတ်ကနေချီကာအပေါ်ထပ်သို့ခေါ်သွားသည်။

"အားး မလိုက်ဘူးလို့ လွှတ် လွှတ်ပေး"

ကမ္ဘာငယ်သူတို့နှစ်ကောင်ကြည့်ကာတချက်ပြုံးလိုက်သည်။

Finding true love system (Completed)Where stories live. Discover now