သွန်းအိမ်ငယ်

18.5K 1.1K 35
                                    

<Unicode>
ရုတ်တရက်ဆန်တဲ့အခြေနေကြောင့်အားလုံးကြောင်သွားကြတယ်။သွန်းကိုရိုက်ဖို့ရွယ်လိုက်တဲ့ရွှေအဆင်းရဲ့လက်ကိုဥက္ကာကပုတ်ချကာရွှေအဆင်းပါးကိုရိုက်လိုက်သည်။

"မင်းရဲ့ညစ်ပတ်တဲ့လက်တေနဲ့သူ့ကိုထိဖို့တန်လို့လား"

"‌ရှင် ရှင် ကျမကိုရိုက်တယ်"

"မင်းကိုမသတ်ပစ်တာပဲကျေးဇူးတင် အားလုံးနားထောင် ဘယ်သူမဆို သူ့ကိုထိရင်ငါ့အကြောင်းသိစေရမယ် ငါကအပြောပဲရှိတာဟုတ်မဟုတ်သိချင်ရင်စမ်းကြည့်ကြပေါ့"

ဥက္ကာကသွန်းရဲ့လက်ကိုဆွဲကာကန်တင်းကနေထွက်လာလိုက်သည်။နဒီကတော့ကန်တင်းမှာကြောင်တောင်တောင်းကျန်ခဲ့တော့တယ်။

"လွှတ် လွှတ်ပါအုံး နာနေပီ"

"Sorryကွာအရမ်းနာသွားလား ကိုယ့်ကားထဲမှာဆေးတေရှိတယ်ကားပေါ်ရောက်မှလိမ်းပေးမယ်"

သွန်းလဲငြိမ်ပီးတော့သာလိုက်လာတယ်။မဟုရင်ဟိုလူကလူသတ်ငွေ့နေထုတ်နေတာငါ့ကိုမကြောက်တတ်ဘူးများထင်နေတာလား။
ကားရှေ့ရောက်တော့တံခါးဖွင့်ကာ love seatတွင်၀င်ထိုင်ခိုင်းကာသူကတော့driverနေရာတွင်၀င်ထိုင်ပီးသူ့လက်ကိုတယုတယကိုင်ကြည့်နေတာကြောင့်သွန်းတမျိုးကြီးခံစားလိုက်ရသည်။

*ငါထပ်ပီးရင်ခုန်နေတာလား မဖြစ်ဖူး *

"နည်းနည်းနီသွားတယ် ကိုယ်အရမ်းအားပါသွားတာတောင်းပန်ပါတယ်အရမ်းနာနေလားဟင်"

"အဲ့လောက်မနာတော့ပါဘူး"

"ကိုယ်ဆေးလိမ်းပေးမယ်နော် "

(Hostဒီလူကြီးကhostကိုဂရုစိုက်တယ်နော် ချောလဲချောတယ်)

(အဲ့တာစွပိုတေလုပ်နေတာ ဟိုမသာတုန်းကလဲအစပိုင်းမှာအဲ့လိုပဲဂရုစိုက်ပြတယ်)

(Hostကလဲလူတိုင်းကမတူပါဘူး)

(တိတ်စမ်း မင်းကဘာသိလို့လဲ ယောက်ျားတေတယောက်မှမကောင်းဘူး)

(Hostလဲယောက်ျားပဲကို)

(ပါးစပ်ပိတ်ထားမရှည်နဲ့ ငါကလွဲရင်ဘယ်သူမှမကောင်းဘူး)

ဥက္ကာသူ့ရေဗ့ကကောင်လေးကို‌ကြည့်လိုက်တော့မျက်မှောင်ကြုတ်ကာတခုခုကိုတွေးနေသလို။

Finding true love system (Completed)Where stories live. Discover now