နိုအာ

13.2K 952 25
                                    

<Unicode>
နောက်တနေ့နက်နိုအာနိုးလာကာအခန်းထဲ‌ဝေ့ဝိုက်ကြည့်လိုက်တော့ဟိုလူကြီးကမရှိတော့။

(အသုန်)

(ဟုတ်)

(ဒီကမ္ဘာရဲ့missionကလွယ်လွန်းမနေဘူးလား)

(ဘာလို့လဲဟင်)

(မင်းစဉ်းစားကြည့်လေ ဇာတ်လိုက်ကိုမချစ်မိစေရန်နဲ့ဂျိတ်အပေါ်ကောင်းပေးရန်တဲ့)

(အင်းလေ အဲ့တော့)

(အဲ့တော့လွယ်လွန်းနေတယ် ဇာတ်လိုက်ကိုမချစ်တာကကျိန်းသေနေပီ ဂျိတ်ကလဲငါ့လူကြီးဖြစ်နေလို့သေချာပေါက်ကောင်းပေးမှာလေ ငါမသင်္ကာဘူး တခြားကိစ္စတခုဒါမှမဟုတ်တခြားလျှို့ဝှက်ချက်ရှိတယ်မလား)

❗ Bingo ❗

(Hidden missionကိုရှာတွေ့သွားပါပီ အဲ့အတွက်5%အပိုစုရပါတယ်)

(ငါထင်တယ်)

(ဟီးးhostကတော်လိုက်တာ)

(It's me😏)

(ဟုတ်ပါတယ် ဇာတ်လမ်းထဲမှာမပါတဲ့လျှို့ဝှက်ချက်တခုရှိပါတယ်အဲ့တာကိုside missionအနေနဲ့ဖော်ထုတ်ရပါတယ် ရမှတ်က7% ရမှာပါ)

(OK)

"နိုအာ နိုးနေပီလားကိုယ်မနက်စာလုပ်လာပေးတယ် စားလိုက်နော်"

"ဂျိတ်"

"ဟင် ဘာလိုချင်လို့လဲကိုယ့်ကိုပြောလေ"

"အိမ်လိုက်ပို့ပေး"

"...."

"အိမ်လိုက်ပို့ပေးလို့"

"အဲ့တာကလွဲရင်ကျန်တာအကုန်ကိုယ်လုပ်ပေးပါ့မယ်"

"ဟင့်အင်း အိမ်ပဲလိုက်ပို့ပေး"

"နိုအာ ကိုယ်မင်းကိုခေါ်လာတာပြန်လွှတ်ပေးဖို့မဟုဘူး မနက်ဖြန်ကျရင်ကိုယ်နဲ့လက်ထပ်ရမယ်ကိုယ်အားလုံးစီစဉ်ပီးပီ မင်းရယ်ကိုယ်ရယ်နှစ်ယောက်ထဲလက်ထပ်ကြမယ်"

"ဆိုတော့ခဗျားကကျွန်တော့်ကိုလူမသိသူမသိလက်ထပ်ပီးအိမ်ထဲမှာပိတ်ထားမယ်ပေါ့အဲ့လိုလား"

"ကိုယ်တို့လက်ထပ်ပီးတာသေချာသွားရင်ကိုယ်မင်းကိုမိဘတေဆီခေါ်သွားမှာပါ"

Finding true love system (Completed)Where stories live. Discover now