ဂျင်ထယ်ဟွန်း

13.9K 914 16
                                    

<Unicode>
(ဘာ တကယ်ကြီး)

(ဟုတ်ပါတယ်)

(ဒါဆို ဒီအမွေစာချုပ်တေက)

(သူ့ဆီကလက်ဗွေယူပီးနှိပ်မလို့လုပ်နေတာပါ)

(ဘယ်လိုညီလဲဟ)

(Hostကအခု၀င်ထားတဲ့အချိန်ကဂျီဟွန်းနဲ့အတူလူနာလာကြည့်ပေးတာပါ)

(သူတို့ကိုမတွေ့ပါဘူး)

(သူကဂျင်ထယ်ကိုခနစောင့်ခိုင်းထားပီးတော့ဂင်မြောင်ရှင်းနဲ့ခေါင်မိုးထပ်မှာသွားတွေ့နေပါတယ် hostကိုဘယ်လိုရှင်းထုတ်ရမလဲတိုင်ပင်နေကြတာ)

(ဘာ!)

(အခုလက်ရှိအမွေတေအကုန်လုံးကဂျင်ထယ်နာမည်နဲ့ကြီးပဲမို့သတ်လိုက်ရင်ပြသနာတက်မှာ အာ့ကြောင့်အရူးထောင်ပို့ဖို့လုပ်နေတာ)

(ယုတ်မာလိုက်တာ)

(ပီးရင်ဂင်မြောင်ရှင်းအကိုဆီကလက်‌ဗွေကိုယူပီးတော့အဲ့လူကြီးကိုလဲရှင်းပစ်မှာ)

(ဒီလူကြီးခုလိုဖြစ်နေတာသူတို့လက်ချက်မလား)

(ဟုတ်ပါတယ် သူ့ကိုကားမှောက်အောင်လုပ်ပီးတော့ဆေးရုံတင်ထားတာပါ)

(သူ့အကြောင်းငါ့ကိုသေချာပြောပြ)

(ဟုတ် သူ့နာမည်က မင်ကုကီ ကုမ္မဏီတေအပြင်အမွှေထက်၀က်ကျော်ကိုသူ့နာမည်နဲ့ထားခဲ့ကြတာ ဂင်မြောင်ရှင်းကအသုံးစွဲကြမ်းတယ်ဘာမှမလုပ်မကိုင်တတ်တာမို့သူတို့မိဘတေကစိတ်ချရတဲ့မင်ကုကီကိုပဲလွှဲပြောင်းပေးခဲ့တာ သူကစီးပွားရေးလောကမှာနတ်ဘုရားတစ်ပါးလိုပဲ အရမ်းထက်မြတ်တဲ့အပြင် အမှားယွင်းလဲမခံဘူးအရမ်းပြတ်သားပီးရက်စက်တယ် ငွေဖြူတေအပြင် ငွေမဲလုပ်ငန်းတချို့လဲရှိတယ် ကြေးစားတေကိုလဲလက်သက်မွေးထားပါသေးတယ် ဟုတ်)

(အော် အဲ့လိုလား)

ဂျင်ထယ်ထိုအခန်းထဲကိုလှည့်ပတ်ကြည့်လိုက်တော့ကုတင်ခြေရင်းကအမှိုက်ပုံးထဲတွင်ဆေးပုလင်းလေးတချို့ကိုတွေ့လိုက်သည်။ထိုဆေးပုလင်းကိုယူပီးအဖုံးဖွင့်ကာနမ်းကြည့်လိုက်သည်။

*ဒါကအိပ်ဆေးတမျိုးပဲ သာမန်အိပ်မပျော်တဲ့သုတေတောင်တပတ်တကြိမ်ပဲထိုးရတာ ဒီပုလင်းတေအကုန်လုံးဒီလူ့ကိုထိုးပေးထားတာလား*

Finding true love system (Completed)Where stories live. Discover now