real life (completed)

17.8K 876 35
                                    

<Unicode>
"လူကြီး ပစ္စည်းတေစုံပီလား"

"စုံပီ ပူတင်းလေး"

"မုန့်တေရော"

"ကားနောက်ခန်းမှာအကုန်ထည့်ပီးပါပီဗျာ"

"ဟီးး let's go"

"Host!စောင့်အုန်း ကျွန်တော်ကျန်သေးတယ်"

"ကျစ် အသုန် မင်းကဘာလိုရှုပ်အုံးမလို့လဲကွာ"

"Hostကလဲ ကျွန်တော်လဲငပလီရောက်ဖူးချင်လို့လေနော် ခေါ်ပါနော်"

"ပီးရောကွာ လိုက် လိုက်"

"ရေးးးလိုက်တဲ့ လာကျားကျား သုန်တို့လဲကားပေါ်တက်ရအောင်"

"ကျားကျား?"

နောက်ကhokကိုမြင်တော့မှကမ္ဘာငယ်သဘောပေါက်သွားတော့တယ်။

"အသုန်တို့များနော် မပြောလိုက်ချင်ဘူး"

"ကဲ ပူတင်းလေးသွားကြရအောင် မဟုရင် ဟိုကိုမိုးချုပ်မှရောက်လိမ့်မယ်"

"ဟုတ် လူကြီးး"

အားလုံးကားပေါ်တက်လိုက်ကြကာ။ငပလီသို့အပျော်ခရီးကိုစတင်ထွက်လာကြသည်။တလမ်းလုံးကမ္ဘာငယ်နဲ့အသုန်မှာရန်ဖြစ်လာကြပီးမုန့်တေဖောက်စားလိုက်အိပ်လိုက်နိုးလာရင်ရန်ထပ်ဖြစ်ပီးမုန့်စားလိုက်နဲ့ညိမ့်နေသည်။ကုဠေမှာသူ့ပူတင်းလေးကကြောင်နဲ့သူတပြန်ကိုယ်တပြန်ပြောနေတာကိုကြည့်ရင်းအချစ်ပိုနေရသည်။သူနဲ့စတွေ့ထဲကထိုကြောင်မဲလေးကအမြဲတမ်းသူနဲ့အတူရှိနေတတ်ပီးထိုကြောင်ပြောသမျှကိုနားလည်တာလားတော့မပြောတတ်။သူတို့စကားပြောနေပုံကသာမာန်လူတေအချင်းချင်းပြောနေသလိုပင်။

အရင်ကအနေအေးလှတဲ့သူလေးကတခါတရံမှာသူ့ထက်တောင်ပိုကြံ့ခိုင်နေသေးသည်။သူ့ရုံးအလုပ်တေဆိုလဲတခါတလေသူတောင်နားမလည်တဲ့ပရောဂျက်တေကိုသူ့အချစ်လေးကအေးဆေးရှင်းပြနိုင်သည်။ဟိုတခါနေမင်းတို့ကိစ္စတုန်းကလဲလူ၇ယောက်လက်ထဲကနေကိုယ်တိုင်လွတ်လာနိုင်တဲ့အပြင်ထိုသူတေကိုပါမထနိုင်အောင်တိုက်ခိုက်ခဲ့သေးသည်။သူ့အချစ်လေးကထူးဆန်းပီးလက်သည်းဖွက်ထားတဲ့ကြောင်လေးမှန်းသူရိပ်မိပါသည်။ဒါပေမယ့်သူစိတ်မ၀င်စားပါ။သူ့အချစ်လေးကဘယ်လိုလူမျိုးပဲဖြစ်နေပါစေသူချစ်ပါသည်။သူ့အချစ်လေးကလူသတ်သမားဆိုရင်တောင်သူကအလောင်းလိုက်ဖျောက်ပေးမဲ့သူဖြစ်ပေးနိုင်ပါသည်။

Finding true love system (Completed)Where stories live. Discover now