ဒန်မီရယ်(end)

14.4K 1K 0
                                    

<Unicode>
"ဒါတကယ်ပဲလား ကျွန်တော်ကDadရဲ့သားမဟုတ်ဘူးပေါ့"

"အမှန်ပါပဲသားတော် ဒါပေမယ့်Dadတို့ကသားကိုတကယ့်သားအရင်းတယောကလိုချစ်တာပါ သားရဲ့အဖေအကြောင်းမပြောဘူးဆိုတာကသားသာသူ့‌အကြောင်းသိသါားရင် Dadတို့ကိုထားခဲ့မှာဆိုးလို့ပါ Dad မှာစင်ဒီရဲ့ကိုယ်ပွားလေးဆိုလို့သားတယောက်ပဲရှိလို့ပါ"

"ကျွန်တော် Dadတို့ကိုမထားခဲ့ပါဘူး အရင်ကနားလည်မှုလွဲပီးdadတို့အပေါ်အထင်မှားခဲ့မိတာပါ ဘာပဲဖြစ်ဖြစ်dadကကျွန်တော့ဖခင်တဦးပါပဲ"

"၀မ်းသာလိုက်တာကွာ စင်ဒီမင်းသာရှိနေသေးရင်ဘယ်လောက်တောင်ကောင်းလိုက်မလဲ"

ဒန်မီရယ်နဲ့ဂျွန်းစတုန်းကအပြန်လှန်ပွေ့ဖက်ရင်းနှစ်သိမ့်နေကြတော့တယ်။Dadနဲ့ခနလောက်အဖော်ပြုပီးတဲ့နောက်မှာဒန်မီရယ်ဟာသူ့အဆောင်ကိုပြန်လာခဲ့လိုက်တယ်။အဆောင်ရှေရောက်တော့မြင်လိုက်ရတာကဂျော်နသန်ရင်ခွင်ထဲရောက်နေတဲ့ဒါယာနာ။

တခြားသူဆိုရင်တော့သူတို့နှစ်ယောက်ဖက်နေတယ်ထင်နိုင်ပေမယ့်ဒန်မီရယ်ကတော့မဟုပါ။ဒါယာနာကဒန်မီရယ်လာတာမြင်တာကြောင့်တမင်ပစ်၀င်လိုက်မှန်းဒန်မီသိပါတယ်။သူကစနှိုက်မအကြောင်းနောကြေသွားပီလေ။ဒါကြောင့်လေသံကိုအတတ်နိုင်ဆုံးချွဲပျစ်ကာ...

"ကိုကို.."

"ဟင် ပူတင်းလေး"

ဂျော်နသန်ဟာသူ့ရင်ခွင်ထဲကဒါယာနာကိုတွန်းလွှတ်လိုက်တာကြောင့်ဒါယာနာကဖင်ထိုင်ရက်လဲကျသွားတော့သည်။ဒါကိုဂရုအစိုက်ပဲဒန်မီရယ်ဆီသာအပြေးသွားတော့သည်။

"ကိုကို ဘာလုပ်နာလဲ"

"ပူတင်းလေး အထင်မလွဲနဲ့နော် သူကလဲကျမလိုဖြစ်တာကြောင့်ကိုယ်ထိန်းပေးလိုက်တာပါ"

"ဟုတ်လို့လား"

"ဒါပေါ့"

"ဒါနဲ့ ဘာလာလုပ်တာလဲ"

"ကိုယ်ပူတင်း‌လေးနဲ့တွေ့ချင်လို့လာခဲ့တာ ပူတင်းလေးကမရှိဘူးဆိုလို့"

"ဟုတယ် ဒန်မီကmomနဲ့dadဆီကိုခနသွားလည်တာ"

"ပူတင်းလေးတခုခုစားပီးပီလား မစားရသေးရင်ကိုယ်နဲ့အတူစားပါလား"

Finding true love system (Completed)Where stories live. Discover now