ကီကီ

13.5K 966 30
                                    


<Unicode>

နောက်တနေ့မနက်ကီကီနိုးလာတော့သူ့ဘေးတွင်သွားရည်လေးတေကျပီးအိပ်နေတဲ့ပုံပုံလေးကိုတချက်နမ်းကာနာရီကိုကြည့်လိုက်တော့7နာရီ။

(Hostနိုးပီလား)

(အင်း)

(ဆိုင်သွားထိုင်ရမယ်host)

(အင်း သိပီ)

ကီကီအိပ်ရာမှထလိုက်ကာရေချိုးခန်းထဲတွင်ပီးရေချိုးလိုက်သည်။ရေချိုးခန်းထဲကထွက်လာသည်ထိပုံပုံလေးကအိပ်တုန်း။ကီကီလဲနှစ်ယောက်စာအတွက်မနက်စာကိုပြင်ရန်မီးဖိုချောင်ထဲ၀င်လိုက်သည်။ပုံပုံလေးကထမင်းစားလို့မရသေးတာမို့နို့မှုန့်နဲ့ဆန်မှုန့်ရောကြိတ်ထားတာကိုရေနွေးနဲ့ကြိုလိုက်ပီးသူ့အတွက်ကော်ဖီနဲ့မုန့်ကိုသာပြင်ဆင်လိုက်သည်။

"မားး မားး"

"လာပီ ပုံပုံ"

ပုံပုံလေးခေါ်သံကြောင့်လုပ်လက်ဆများကိုထားခဲ့တာအိပ်ခန်းထဲကို၀င်လာလိုက်သည်။ပုံပုံလေးကအိပ်ရာပေါ်ငုတ်တုတ်ထိုင်နေကာသူ့ကိုမြင်တော့လက်ဆန့်တန်းကာခေါ်ခိုင်းတာကြောင့်ချီလိုက်ကာပါးဖောင်းဖောင်းလေးကိုနမ်းလိုက်သည်။

"ပုံပုံလေးနိုးနေတာကြာပီလား"

" သေးဘူးး"

"ဗိုက်ဆာပီလား"

"ချာပီ (ဆာ)"

"ဟုတ်ပီ အရင်ဆုံးမျက်နှာသစ်မယ်နော်"

ပုံပုံလေးအားသန့်စင်ပေးကာပြင်ထားတဲ့မနက်စာကိုသေချာကျွေးပီးသူကိုယ်တိုင်လဲမနက်စာစားကာ‌၈နာရီထိုးတော့ဆိုင်ထိုင်ရန်ထွက်လာလိုက်သည်။ဆိုင်ကအိမ်နဲ့သိပ်မဝေးတာကြောင့်လမ်းလျှောက်ပီးသာအသွားပြန်လုပ်သည်။ဆိုင်ကအရမ်းကြီးနာမည်ကြီးတာမျိုးမဟုတဲ့အပြင်ဆိုင်အသေးစားလေးဖြစ်တာကြောင့်အကူမိန်းကလေးနှစ်ယောက်နဲ့မုန့်လုပ်သည့်လူလောက်သာခန့်ထားပီးသူကတော့ကောင်တာထိုင်သည်။

ဆိုင်ရောက်တော့ကောင်တာတွင်၀င်ထိုင်ကာပုံပုံလေးကိုပါဘေးကခုံလေးပေါ်နေရာချပေးလိုက်ပီးစာရင်းတေစစ်နေလိုက်သည်။လိမ်မာလွန်းတဲ့ပုံပုံလေးကသူချပေးထားတဲ့အတိုင်းငြိမ်ငြိမ်လေးထိုင်ကာအရုပ်လေးနဲ့ကစားနေသည်။

Finding true love system (Completed)Where stories live. Discover now