ဂျင်ထယ်ဟွန်း(end)

13.3K 963 18
                                    

<Unicode>
ဂင်မြောင်ရှင်းဒီနေ့အားလုံးကိုအစည်းဝေးခေါ်
ထားသည်။မနေ့ကအကို့ချစ်သူဆိုတဲ့သူပေါ်လာတာမို့ရှုပ်လာတော့မယ်ဆိုတာသူသိသည်။အဲ့တာကြောင့်သူ့အကိုသတိရလာရင်တောင်သူ့နေရာကမဖယ်ပေးရအောင်ကြိုစီစဉ်ရန်ဖြစ်သည်။

"ကဲ အားလုံးပဲကျွန်တော်အစည်းဝေးခေါ်ရတဲ့အကြောင်းကတော့ ကျွန်တော်အကိုရဲ့နေရာကိုဆက်ခံတော့မယ်ဆိုတာအသိပေးမလို့ပါ"

"CEOမင်ကဆေးရုံကမဆင်းရသေးဘူးလား"

"ဟုတ်ပါတယ် အားလုံးသိကြတဲ့အတိုင်းအကိုမင်ကုက ကိုမာ၀င်နေတယ် ဘယ်အချိန်ပြန်သတိရမယ်မှန်းလဲမသိရဘူး အဲ့တော့သူ့ကြောင့်ကုမ္မဏီရဲ့လုပ်ငန်းတေမနှောင့်နှေးရအောင် ကျွန်တော်ကပဲသူ့အစားတာ၀န်ယူလိုက်မှာပါ"

"မလိုတော့ပါဘူး"

အသံလာရာလှည့်ကြည့်လိုက်တော့တံခါး၀မှာရပ်နေတဲ့မင်ကုကီ။

"အ အကို"

"Helloညီလေး အကို့ကိုလွမ်းနေလား"

"အကို ဘယ်တုန်းက"

"မနေ့ကပဲသတိရလာတာ"

ဂင်မြောင်ရှင်းအရမ်းအံ့ဩသွားသည်။သူထင်တာကသတိရရင်တောင်ကြာအုံးမယ်ထင်ခဲ့တာခုလိုချက်ချင်းကြီးသတိပြန်ရလာမယ်မထင်ခဲ့။

"ကဲ ကျွန်တော်လဲသတိရလာပီမို့ ကုမ္မဏီကိုကျွန်တော်ပဲဆက်အုပ်ချုပ်ပါ့မယ်"

"အဲ့ အဲ့လိုမရ"

"ဘာလို့မရတာလဲ"

"ဘာလို့ဆိုကုမ္မဏီရောပိုင်ဆိုင်မှုတေအားလုံးကိုဂင်မြောင်ရှင်းနာမည်နဲ့လွှဲပြောင်းပီးသားမို့"

၀င်ပြောသူကဂျီယွန်း..

"အဟက် ဟုတ်လား "

"ဟုတ်တယ် ရှင်မယုံရင်ဒီမှာစာချုပ်တေ ရှင့်လက်‌ဗွေပါနှိပ်ပီးသား"

ဂျီယွန်းကသူ့လက်ထဲဖိုင်တေကိုထုတ်ပြလာသည်။မင်ကုကီမဲ့ပြုံးတချက်ပြုံးလိုက်ဘာလို့ဆိုစာချုပ်အစစ်တေကသူ့လက်ထဲမှာလေ။သူ့ပူတင်းလေးတိုင်ယူလာပေးထားတာ။

*အားးပူတင်းလေးကိုတောင်သတိရလာပီ*

"အော် အဲ့စာချုပ်လား"

Finding true love system (Completed)Where stories live. Discover now