<Unicode>
"မိဖုရား! မကောင်းတော့ဘူး""အားဟွမ် ရေကြီးသုတ်ဖြာနဲ့ဘာဖြစ်တာလဲ"
"ဟန်နိုင်ငံက ကျွန်တော်မျိုးမတို့ကိုစစ်ကြေညာလိုက်ပီ"
"ဟမ်"
(အသုန် မြန်လှချည်လား)
(ဟုတ်ပါတယ် ဇာတ်ကြောင်းကပြောင်းသွားတာမို့ပါ အရင်ဇာတ်ကြောင်းမှာမိဖုရားသေပီးမှကြေညာတာ)
"မိဖုရား မင်းကြီးကညီလာခံကိုလာဖို့မိန့်လိုက်ပါတယ်"
"အင်း လာပီ"
ညီလာခံ၌..
"အားလုံးစုံပီဆိုညီလာခံစကြမယ်"
"မင်းကြီး ဟန်နိုင်ငံကစစ်ကြေညာတဲ့ကိစ္စဘယ်လိုလုပ်မလဲဘုရား"
"ငါကိုယ်တော်တို့ဟန်နိုင်ငံနဲ့ယှဉ်တိုက်ဖို့ကမဖြစ်နိုင်လောက်ဘူး"
"မင်းကြီး ကျွန်တော်တစ်ခုလောက်ပြောလို့ရမလား"
"ပြောပါမိဖုရား"
"ကျွန်တော်တို့ဟန်နိုင်ငံနဲ့ဆွေးနွေးညှိနှိုင်းကြည့်ရအောင်"
"မဖြစ်နိုင်လောက်ဘူးမိဖုရား ဟန်ဘုရင်ကအရမ်းရက်စက်တဲ့အပြင်အရမ်းလဲပြတ်သားတယ်"
"မစမ်းကြည့်ရသေးပဲတော့ပြောလို့မရဘူးလေ"
"မိဖုရားပြောတာကိုကျွန်တော်မျိုးတို့ထောက်ခံပါတယ်ဘုရား"
"ဖြစ်ပါ့မလား"
"စစ်တိုက်ခဲ့ရင်ကျွန်တော်တို့ဘက်ကရှုံးမှာအသိသာကြီးလေ ဟန်နိုင်ငံကိုဘယ်နိုင်ငံကမှအနိုင်မတိုက်နိုင်တာအားလုံးသိပီးသားပါ"
"ကောင်းပီ အမတ်ကြီးမနက်ဖြန်မနက်ဟန်နိုင်ငံကိုသွားရောက်ဆွေးနွေးဖို့ပြင်ဆင်ပါ"
"ကျွန်တော်ပါလိုက်လို့ရမလားမင်းကြီး"
"မိဖုရားလိုက်ချင်ရင်လိုက်ခဲ့ပါ"
နောက်တနေ့...
"အရှင်မင်းကြီး ရှောင်ဘုရင်ရောက်နေပါတယ် မင်းကြီးနဲ့တွေ့ခွင့်တောင်းနေပါတယ်"
"ဟက် မြန်လိုက်တာ ဘယ်မှာလဲသူ"
"ဧည့်ကြိုအဆောင်မှာပါဘုရား"
YOU ARE READING
Finding true love system (Completed)
Fantasyကမ္ဘာငယ်တယောက်ချစ်သူရဲ့သစ္စာဖောက်ခြင်းကိုခံလိုက်ရပီးမခံစားနိုင်တဲ့အဆုံးကိုယ့်ကိုကိုယ်သတ်သေလိုက်တဲ့အခါsystemတခုနဲ့ချိတ်မိပီးဘ၀ပေါင်းများစွားကမိမိလိုလူများအစားဘယ်လို၀င်ဖြေရှင်းပေးမလဲ။အချစ်စစ်ကိုရောရှာတွေ့ပါ့မလား....။ start date_7.1.2022 end date_18.2...