(Unicode)
.
.
.
"ဟား..."Alpha တစ်ယောက် လှေကားပေါ်မှာထိုင်နေပြီး သက်ပြင်းချရင်း သူ့ရှပ်အကျီရဲ့ ထိပ်ဆုံးက ကြယ်သီးကို ဖြစ်ကတတ်ဆန်း ဆဲွဲဖြုတ်လိုက်သည်။
သူ့ဘေးတွင် ရပ်လျက်ရှိနေသော တစ်စုံတစ်ယောက်က ဘာမှမပြောသော်လည်း၊ သူက မျက်မှောင်ကြုတ်နေပြီး၊ ထင်ရှားသော မျက်ခုံးနှစ်ဖက်က တွန့်ကွေးနေသည်။
ခပ်ဝေးဝေးမှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ခေါင်းဆောင်က ထိုအြခင်းအရာကို မြင်သောအခါ၊ သူဘာမှမမြင်လိုက်သလို တုံ့ဆိုင်းမှုမရှိ ချက်ချင်း လှည့်ထွက်သွားသည်။
"ခေါင်းဆောင်၊ ဟိုနားက နှစ်ယောက်က မှန်ကန်တဲ့ ကိုယ်နေဟန်ထားရှိမနေဘူး။ သူတို့က ပထမဆုံး ကြယ်သီးကို မတပ်ထားတဲ့အပြင် Uniform တောင်မှ ဝတ်မထားဘူး။" တရားမမျှတမှုကို ကျော်ချမသွားနိုင်တဲ့ စစ်သားလေးက ပြောသည်။
စည်းကမ်းထိန်းသိမ်းရေးအဖွဲ့၏ ခေါင်းဆောင်: "......"
"ခေါင်းဆောင်၊ ရှေ့တက်ဖို့ ခွင့်ပြုချက်ပေးပါ။" အလုပ်ရဲ့ ပထမဆုံးနေ့ကို လောလောလတ်လတ်တက်ရောက်နေတဲ့ စစ်သားလေးက အလေးပြုရင်း ပြောလာတယ်။
ခေါင်းဆောင်ဖြစ်သူက ခဏမျှ သူ့နှုတ်ခမ်းသူ ထိကြည့်နေသည်။ "နောက်တစ်ခါ မင်းအဲ့နှစ်ယောက်ကို တွေ့မိတယ်ဆိုရင်၊ ရှောင်သာသွားလိုက်"
သူတို့ကို အရေးယူမိပါက သူ့ကိုယ်သူ ပြသနာတစ်ပုံကြီး တက်အောင်လုပ်လိုက်သလိုပင် ဖြစ်လိမ့်မည်။ ပြီးတော့ သူလည်း ဒီထောင်လွှားနေတဲ့ နှစ်ယောက်နဲ့ပတ်သတ်ချင်စိတ်မရှိဘူး။
"ခေါင်းဆောင် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က အကြီးအကဲဆီကို သတင်းပို့ရပြီး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကို တာဝန်ယူရပါတယ်။" တရားဝန်ကျောင်းမဆင်းရသေးသော စစ်သားလေးက ရိုးသားဖြောင့်မတ်စွာ ပြောလာပြီး၊ သူ သင်ကြားခဲ့ရသည်များကို လိုက်နာရန် စိတ်ပိုင်းဖြတ်ထားသည်။ "ကျွန်တော်တို့ စစ်ပွဲကနေ အောင်ပွဲခံလာခါစ ဖြစ်ပေမဲ့၊ ကျွန်တော်တို့ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို ထိန်းသိမ်းရပါမယ်!"
ခေါင်းဆောင်ရဲ့ သွားတွေ အနည်းငယ် ကိုက်လာသည်၊ ဒီမလောက်လေးမလောက်စားလေးတွေကို သူတကယ်ပဲ မကြီးကြပ်ချင်ဘူး။
Note:
ဒုတိယမြောက် work လေးပါ။ အားပေးကြပါဦး ^ㅂ^(Zawgyi)
.
.
.
"ဟား..."Alpha တစ္ေယာက္ ေလွကားေပၚမွာထိုင္ေနၿပီး သက္ျပင္းခ်ရင္း သူ႕ရွပ္အက်ီရဲ႕ ထိပ္ဆုံးက ၾကယ္သီးကို ျဖစ္ကတတ္ဆန္း ဆဲွဲဖြုတ်လိုက်သည်။
သူ႕ေဘးတြင္ ရပ္လ်က္ရွိေနေသာ တစ္စုံတစ္ေယာက္က ဘာမွမေျပာေသာ္လည္း၊ သူက မ်က္ေမွာင္ၾကဳတ္ေနၿပီး၊ ထင္ရွားေသာ မ်က္ခုံးႏွစ္ဖက္က တြန့္ေကြးေနသည္။
ခပ္ေဝးေဝးမွ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕၏ ေခါင္းေဆာင္က ထိုအျခင္းအရာကို ျမင္ေသာအခါ၊ သူဘာမွမျမင္လိုက္သလို တုံ႕ဆိုင္းမႈမရွိ ခ်က္ခ်င္း လွည့္ထြက္သြားသည္။
"ေခါင္းေဆာင္၊ ဟိုနားက ႏွစ္ေယာက္က မွန္ကန္တဲ့ ကိုယ္ေနဟန္ထားရွိမေနဘူး။ သူတို႔က ပထမဆုံး ၾကယ္သီးကို မတပ္ထားတဲ့အျပင္ Uniform ေတာင္မွ ဝတ္မထားဘူး။" တရားမမွ်တမႈကို ေက်ာ္ခ်မသြားနိုင္တဲ့ စစ္သားေလးက ေျပာသည္။
စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕၏ ေခါင္းေဆာင္: "......"
"ေခါင္းေဆာင္၊ ေရွ႕တက္ဖို႔ ခြင့္ျပဳခ်က္ေပးပါ။" အလုပ္ရဲ႕ ပထမဆုံးေန႕ကို ေလာေလာလတ္လတ္တက္ေရာက္ေနတဲ့ စစ္သားေလးက အေလးျပဳရင္း ေျပာလာတယ္။
ေခါင္းေဆာင္ျဖစ္သူက ခဏမွ် သူ႕ႏႈတ္ခမ္းသူ ထိၾကည့္ေနသည္။ "ေနာက္တစ္ခါ မင္းအဲ့ႏွစ္ေယာက္ကို ေတြ႕မိတယ္ဆိုရင္၊ ေရွာင္သာသြားလိုက္"
သူတို႔ကို အေရးယူမိပါက သူ႕ကိုယ္သူ ျပသနာတစ္ပုံႀကီး တက္ေအာင္လုပ္လိုက္သလိုပင္ ျဖစ္လိမ့္မည္။ ၿပီးေတာ့ သူလည္း ဒီေထာင္လႊားေနတဲ့ ႏွစ္ေယာက္နဲ႕ပတ္သတ္ခ်င္စိတ္မရွိဘူး။
"ေခါင္းေဆာင္ စည္းကမ္းထိန္းသိမ္းေရးအဖြဲ႕က အႀကီးအကဲဆီကို သတင္းပို႔ရၿပီး၊ ပုဂၢိုလ္ေရးဆိုင္ရာေတြကို တာဝန္ယူရပါတယ္။" တရားဝန္ေက်ာင္းမဆင္းရေသးေသာ စစ္သားေလးက ရိုးသားေျဖာင့္မတ္စြာ ေျပာလာၿပီး၊ သူ သင္ၾကားခဲ့ရသည္မ်ားကို လိုက္နာရန္ စိတ္ပိုင္းျဖတ္ထားသည္။ "ကြၽန္ေတာ္တို႔ စစ္ပြဲကေန ေအာင္ပြဲခံလာခါစ ျဖစ္ေပမဲ့၊ ကြၽန္ေတာ္တို႔ တပ္မေတာ္ရဲ႕ဂုဏ္သိကၡာကို ထိန္းသိမ္းရပါမယ္!"
ေခါင္းေဆာင္ရဲ႕ သြားေတြ အနည္းငယ္ ကိုက္လာသည္၊ ဒီမေလာက္ေလးမေလာက္စားေလးေတြကို သူတကယ္ပဲ မႀကီးၾကပ္ခ်င္ဘူး။
Note:
ဒုတိယေျမာက္ work ေလးပါ။ အားေပးၾကပါဦး ^ㅂ^

BINABASA MO ANG
Two Alpha's 101st Blind Date (MM Translation)
FantasyThe story of two alphas failing at blind dates together. That is, except for their last one. Original Author - 桃之幺 MM Translator - A Yint Yao 31 Chapters + 2 Extras Disclaimers: * This is just a translation work. * I do not own the story. * I do n...