Hello! ဒီficလေးက ဝတ္ထုဆရာမကြယ်စင်မှူးဝေရဲ့ အချစ်ကကြယ်တံခွန်ဆိုတဲ့ ဝတ္ထုအားFanfic အဖြစ်ပြန်လည်ရေးသားထားခြင်းဖြစ်ပါသည်။ မူရင်းစာရေး ဆရာမအား Crd အပြည့်အဝပေးပါသည်။ မူရင်းဝတ္ထုနှင့် အနည်းငယ်သာကွဲလွဲပါသည်။ ပထမဆုံးအကြိမ်က မည်သို့ရေးရမည်မသိခဲ့သောကြောင့် ယခုမှသေချာရှင်းပြခြင်းဖြစ်သည်။ ကျေးဇူးတင်ပါသည်။ fic အတွင်း ဇာတ်ကောင်များသည် အပြင်လောကရှိ လူများအား ထိခိုက်လိုစိတ်မရှိပါ ချစ်သောစိတ်ဖြင့်သာ ဖန်တီးခဲ့ခြင်းဖြစ်သည်။ အမှားတစုံတစ်ရာပါရှိပါက ချစ်တဲ့စိတ်ဖြင့် နားလည် ခွင့်လွတ်ပေးပါရန် တောင်းဆိုပါသည်။ မူရင်းဝတ္ထုဆရာမအား လေးစားလျက်ပါ။
Coffee 🤎
ဆေး(၁)၏နံနက်ခင်းအလှက ရောင်စုံဖြာလျက်။မြက်ခင်းစိမ်းများနှင့် ဆေးတက္ကသိုလ်အဆောက်အအုံများကပနံရနေသလို။ပညာတတ်လူငယ်လေးများ၏ တက်ကြွလန်းဆန်းနေသည့် အသွင်သဏ္ဌာန်များကလည်း ပင်လယ်စင်ရောက်ငှက်လေးများ ပင်လယ်မှာ ပျံဝဲနေကြသည့်နှယ်။
သည်စဉ် ဆေးတက္ကသိုလ်ဝင်းထဲသို့ ကားသုံးစီး ရှေ့ဆင့်နောက်ဆင့် ဝင်လာခဲ့လျှင် ဆေးတက္ကသိုလ်ရှေ့မှာ ရောက်နှင့်နေကြသည့် ကျောင်းသားကျောင်းသူများအားလုံးလှုပ်ရွလှုပ်ရွဖြစ်သွားကြသည်။
"လာပြီ လာပြီ"
"ဘာလဲဟဲ့"
"နင်ကလည်းထူပါ့ဟာ........ဟိုမာကြည့်လိုက်"
"ဪ"
ကောင်မလေးများတိတ်ဆိတ်သွားကျပြီး အကြည့်တွေက ကောင်ချောလေးသုံးယောက်ထံ စုစည်းသွားကျသည်။
ဆေးတက္ကသိုလ်ဝင်းထဲသို့ လှမ်းဝင်လာနေသော မင်းသားသုံးပါး၏ ခြေလှမ်းတွေက ညီညာလွန်းလှသည်။မချောတွေ သင်္ဘောကျောက်ချထားသလိုနေရာမှမခွာနိုင်ဖြစ်နေကျသည်။"ချောလိုက်တာ Jungkookရယ်၊သူ့အပြုံးလေးတွေက ရင်ကိုအေးစေတယ်"
"Taehyungက ပိုချောတာဟဲ့"
"ဒီလောက်မှုန်ညက်ပြီး မိန်းမချောချောနေတာ မကြိုက်ပေါင်၊နတ်ကတော်နဲ့တူလို့၊တို့ကတော့ ယောကျာ်းပီပီချောတဲ့Jungkookကိုပဲ ကြိုက်တယ်"
YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...