Part.3

837 87 7
                                    

Yoongiနဲ့Jungkookတို့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်လိုက်ကြသည်။ကောင်လေး လာပြီ။ သူတို့ကို ဒုက္ခပေးသွားတဲ့ ကောင်လေး။

အရေးထဲ Taehyungက ဘယ်ပျောက်နေမှန်းမသိပေ။သုံးယောက်ဆို ပိုဖဲ့လို့ကောင်းမှာ။

"လာပြီကွ"

"ပိပိရိရိ လုပ်နော်"

ကောင်လေးအနားသို့ ရောက်လာတော့မာမို့အစီစဉ်အတိုင်း စားပြီးသား ငှက်ပျောခွံ့ကို အဆင်သင့် ကိုင်ထားလိုက်၏။သူတို့ရှေ့က ဖြတ်အလျှောက် မှာတော့........

"ဖတ်"

"အမယ်လေး"

"ချလွမ်း"

ကွက်တိပါပဲ။ပစ်ချလိုက်သော ငှက်ပျောခွံကို တက်နင်းမိပြီး လဲကျသွားတာ ပစ်စလက်ခတ်။ထမင်းချိုင့်တခြား လူတခြားဖြစ်သွားပုံက အလွန်အကျည်းတန်စွာ။

"ဟားးး ဟားးး ဟားးး"

Jungkookနှင့်Yoongiတို့ ဆန္ဒပြည့်ဝသွားပြီမို့ တစ်ချိုးတည်းလစ်ချေတော့သည်။

"သနားပါတယ်"

သရော်သလို အသံတွေ။

ပြန့်ကျဲနေသော ထမင်းတွေကို ကြည့်ပီး နှမျောတသလည်းဖြစ်သည်၊ဝမ်းနည်းဒေါသ‌တွေစုံလင်စွာနှင့် မျက်ရည်တွေ ဖြိုက်ကနဲ ပြိုဆင်းလာသည်။

ဝိုင်းကြည့်နေသော ရွယ်တူကောင်လေး၊ကောင်မလေးတို့ရဲ့ မျက်ဝန်းတွေကြားမှာဘရှက်လွန်းလို့ လက်တွေ တဆတ်ဆတ်တုန်လာသည်။ဖြစ်ချင်ရာဖြစ် ထမင်းးချိုင့်ကို ပြန်မကောက်ဘဲ ထွက်ပြေးဖို့ ထစဉ်.......

"နေဦးလေ"

တစ်ဦးတစ်ယောက်က သူ့လက်ကို ဖမ်းဆွဲထားသဖြင့် မသွားဖြစ်ဘဲ ရှိနေ၏။

"ကိုယ် ပြန်ကောက်သိမ်းပေးပါ့မယ်"

Jiminထိုနေရာမှာ တွေတွေကလေးရပ်နေဆဲ သူက jiminရဲ့ထမင်းချိုင့်လေးကို ပြန်ကောက်ပေးနေသည်။

"သူ ကံကောင်းလိုက်တာဟယ်"

"ငါတောင်အားကျလာပြီ"

နောက်ကျောဘက်မှ ကောင်မလေးတစ်စုရဲ့စကားေပြာသံကို ခပ်တိုးတိုးကြားလိုက်ပေမဲ့Jimin နားမလည်ပေ။ဘာကံကောင်းတာလဲ။

" ကောင်းကင် ကြယ်တံခွန် "Where stories live. Discover now