ညက တစ်ညလုံးညကJungkook အိပ်မပျော်ပေ။တစ်ခါမှ မတုန်လှုပ်ခဲ့ဖူးတဲ့ သူ့ရင်တွေ တလှပ်လှပ်ခုန်နေခဲ့သည်။ သူ့လက်ကလေးတွေနဲ့ အဖက်ခံလိုက်ရတဲ့ သူ့ခါးမှာ ယခုထိ ရှိန်းရှိန်းမြမြ။
ခုလည်း ရင်တွင်းစကားတွေကို ရင်ဖွင့်ဖို့အတွက် ချစ်သူငယ်ချင်း
"သားရေ"
ဖုန်းဆက်ပြီးခေါ်ထားလိုက်ပြီTaehyungနှင့်Yoongiတို့ကို။
ခေါ်သံနှင့်အတူ မာမီက သူ့အခန်းထဲသို့ ဝင်လာ၏။"သားက အခုမှန်ရှေ့မှာ၊သားသူငယ်ချင်းတွေကတော့ ဝီရိယကောင်းပါ့၊ဧည့်ခန်းထဲရောက်နေပြီ"
"မာမီ သူတို့အတွက် ဘာစီစဉ်ပေးထားလဲ၊Yoongi hyungကအစားပုပ်လေ"
"ဒေါ်ကြီးကို မာမီပြောထားပါတယ်၊သူတစ်ခုခုစီစဉ်လိမ့်မယ်"
Jungkookဧည့်ခန်းထဲရောက်တော့ သူ့ကိုကြည့်၍ Taehyungနှင့်Yoongi hyung က ပြုံးစိစိ။
"ဘာဖြစ်နေတာလဲ"
"မင်းကိုသဘောကျလို့"
"ဟေ့ကောင်တွေ သူငယ်ချင်း အချင်းချင်းတွေနော်"
"Taehyungဆိုလက်ခံမလား"
"ဟေ့ကောင်"
Taehyungက Yoongiအားလက်သီးနှင့်လှမ်းရွယ်ရင်း................
"ငါချောတာ ငါ့ကုသိုလ်နဲ့ငါ၊ မနာလိုမရှိနဲ့၊ စိတ်ဓာတ်ကတော့ ဆယ့်ကိုးတောင်ဝတ်ဘဲ၊ မင်းနဲ့ငါ လက်သီးချင်း ယှဉ်ထိုးမလား"
"ကြောက်ပါတယ် နတ်ကတော်ရယ်"
"ဘာလဲ........ကနားစီး Taehyungလား"
Taehyungအားနည်းချက်ကို နှိပ်ကွပ်နေကြပြီ။
"ကို့ဆီလာတဲ့ မြားကို သူများဘက်လှည့်
မပေးနဲ့ Jungkook""ဟုတ်တယ်၊မင်းမျက်နှာကြည့်ရတာ ဒီနေ့ပြီတီတီနဲ့ ပြီးတော့ ငါ့တို့ကိုလည်းစောစောစီးစီး ဖုန်းဆက်ခေါ်သေးတယ်၊ကဲပြော.......မရှိတဲ့နှမ လင်နောက်လိုက်သွားလို့လား၊ဒါမှမဟုတ် မင်းလင်နောက်လိုက်မလို့လား"
"ဟဲ ဟဲ"
လက်ဝါးခြင်းပွတ်၍ ရယ်နေသော Jungkookမျက်နှာကိုYoongiကစေ့စေ့ကြည့်သည်။

YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...