𝐏𝐚𝐫𝐭_ 11

141 18 2
                                    

Jimin ကျောင်းမှ အပြန် အိမ်ပေါ်သို့ ပင်ပန်းနွမ်းနယ်စွာ တက်လိုက်သည်။ လိုင်းကားတိုးစီးရသည့် ဘဝဟာ တော်တော်ခက်ခဲပါလား။ နေ့စဉ်နဲ့အမျှ ဓာတ်ဆီနံ့၊ လူနံ့သူနံ့၊ အပူငွေ့တွေကြားမှာ လှုပ်ရှားကျင်‌လည်နေရသည့် ဘဝ။

သည်ဘဝမှာ ဘယ်တော့ လွတ်မြောက်မှာလဲ။ ယခုဆို Jimin တို့ ဆရာဝန်ဖြစ်ဖို့ ၂နှစ်သာလိုတော့သည်။ ၂နှစ်ဆိုတာ  အရိပ်ထဲမှာနေသူတွေအတွက် မကြာမြင့်သော်လည်း ကန္တရမှာချွေးဒီးဒီးကျအောင် လှုပ်ရှားရုန်းကန်နေရသူတွေအတွက်တော့  နှစ်အသင်္ချေ ကြာရော့မည်။

" သား "

ဧည့်ခန်းထဲမှာ ကျေနပ်ပီတိတွေနှင့် ပြုံးနေသည့် မေမေက Jimin ကိုလှမ်းခေါ်ပြီး ခရီးဦးကြိုပြု၏။ မေမေ့ရှေ့က စားပွဲပေါ်မှာလည်း အထုပ်ကြီး၊ အထုပ်ငယ်တွေနှင့် စားစရာတွေရော၊ အဝတ်အထည်တွေပါ စားပွဲနှင့်ပြည့်လုနီးပါး။

" ဘာတွေလည်း မေမေ...ဘယ်သူလာပို့တာလဲ "

" မောင် Jungkook  ပို့ခိုင်းလိုက်တာတဲ့၊ ကြည့်ပါဦး သားရယ်...သစ်သီးတွေရော၊ အဝတ်အထည်တွေရော၊ နည်းတဲ့ တန်ဖိုးမဟုတ်ဘူးနော် "

" ဟာ...မေမေ  လက်ခံလိုက်တာလဲ၊ ရှုပ်ကုန်ပါပြီ မေမေရယ်၊ တော်ကြာ "

" နို့ သူတို့ပြောတော့ မောင် Jungkook လေးက သားချစ်သူဆို၊ သူ့ချစ်သူကို ချစ်သက်လက်ဆောင်ပို့‌တာဆို "

" မေမေ...မေမေသားကို စိတ်မဆိုးဘူးလားဟင် "

" မေမေ စိတ်မဆိုးပါဘူး သားရယ် ၊ ဒီခေတ်က ဒီလို လိင်တူချစ်သူတွေ အများကြီးရှိတာပဲ ပြီးတော့ မေမေ့သားက ငယ်ငယ်ထဲက လိမ်မာတော့ အဲ့ဒီလို လိင်တူချစ်သူတွေ ဘာတွေထားမယ်မထင်ထားဘူး မေမေနဲ့ ဖေဖေကတော့ သားစိတ်ချမ်းသာရင် အဆင်ပြေပါတယ်ကွယ် "

" မေမေရယ်...ဒါ သူလူလည်ကျတာပါ၊ သား သူ့ကိုမချစ်ပါဘူး၊ သူက ရည်းစားများတယ် မေမေ၊ သူ့အချစ်တွေကို သားမယုံပါဘူး "

" ဟေ "

မေမေ ခနတော့ တွေဝေသွားသည် ။ သိုသော် ခဏပါပဲ။

" ဒါကတော့ သားလေးရယ် လူငယ်ပဲကွယ်၊ ဒါပေမဲ့ သူ့ကိုကြည့်ရတာ သားကို အရမ်းနှစ်သက်ပုံပါပဲ။ ဒီလက်ဆောင်တွေကိုဘဲ ကြည့်လေ၊ မေမေတော့ တန်ဖိုးတောင် မမှန်းတတ်တော့ပါဘူး၊ ဟိုဒင်း တီဗီတွေ၊ အောက်စက်တွေ၊ စလောင်းတွေပါဆိုတော့ ၄၊၅ ဆယ်သိန်းဖိုးလောင်များ ရှိမလားဘဲ "

" ကောင်းကင် ကြယ်တံခွန် "Where stories live. Discover now