Part. 14

136 19 2
                                    

" အား ကိုကို့အခန်းက သန့်ရှင်းနေတာဘဲနော် "

"Babe အမြဲသန့်ရှင်းပေးထားသာပေါ့၊ကိုကို"

"လိမ္မာလိုက်တဲ့ ဘေဘီလေးကို ဆုချမယ်"

" ကိုကို "

အခန်းထဲ ရောက်သည်နှင့် တံခါးပိတ်လိုက်ပြီး ကိုက Seok Jin ကိုဆက်ခနဲ ပွေ့ချီလိုက်ပုံမှာ လိပ်ပြာလွှင့်ချင်စဖွယ်။

"အီးမေးလ်နဲ့ပဲ ချစ်စကား‌ေတွ ပြောနေရသာ အလွမ်းသယ်‌ေနရသာ၊ လက်တွေ့ တစ်ခါမှ ချစ်မကြည့်ရသေးဘူးနော် "

"အား ကိုကိုမကောင်းဘူး၊ Babeအရမ်းရှက်နေပြီ အပြင်ထွက်တော့မယ်"

"နိုး နိုး... မရဘူး၊ကိုကို လူဆိုးမဟူတ်ပါဘူးကွာ၊ဘေဘီလေးကို ချစ်ရလွန်းလို့ ရင်ဘက်ကြီးတစ်ခုလုံး ပွင့်ထွက်တော့မယ်သိလား"

Seok Jin ကိုပွေ့ချီပြီး ခုတင်ပေါ်ထိုင်ရင်း ချစ်သု သက်လျာကို သူ မျက်နှာလေးအနှံ့ မွှေးကြူနေတော့ လူပျိုစင်ရိုငလေးခမျာ လိပ်ပြာလွှင့်စဉ်တော့မတတ်။

"ကိုကို"

"မငြင်းနဲ့ကွာ...ကိုကို Babeကို နစ်နာအောင်ဘာမှ မလုပ်ပါဘူးနော်"

နီရဲနုထွေးသည့် နှုတ်ခမ်းလေးကို လက်ချောင်းများနှင့်တို့ထိကြည့်ရင်းမှ ကိုကိုအသွင်က ဆတ်ခနဲတုန်လှုပ်သွားခဲ့သည်။

နောက် Seok Jin ကို တင်းကျပ်နေအောင် ပွေ့ဖက်ထားပြီး Seok Jin နှုတ်ခမ်းလေးထက်မှာ သူ့နှုတ်ခမ်းကြီးနှင့်ကြာမြင့်စွာ လေ၏။
Seok Jin ခေါင်းခါရုန်းဖယ်ရင်း ကိုကို့ကို တောင်းပန်ရပါသည်။

"ရေချိုးတော့ကိုကိုရယ်၊Babe ကို အဲ့လိုမျိုး အကြမ်းမဖက်ပါနဲ့နော်၊ရှက်တယ်၊ ကြောက်တယ်၊ကိုကို နိုင်ငံတကာမှာ အဲ့ဒီအတတ်တွေ တတ်လာသားလားဟင်"

"မဟုတ်ပါဘူးကွာ၊babeကို ချစ်လွန်းလို့ပါ။ဆောရီးနော်၊ကိုကို အရမ်းလွမ်းနေသာနဲ့ စိတ်လွတ်သွားတာ၊‌ေနာက် မဖြစ်စေရဘူး။
လက်ထပ်ပြီးမှပဲ မီ့ကို အရည်ဖျော်တော့မယ်"

"အာ တော်ပြီ၊ကိုကို အနားမှာ မနေရဲတော့ဘူး၊babeမေမေ့ ကိုသွားကူတော့မယ်၊ကိုကိုဘာသာ လိုက်ခဲ့တော့နော်"

" ကောင်းကင် ကြယ်တံခွန် "Where stories live. Discover now