တစ်ဖက်နှင့်တစ်ဖက် ဂိုးသွင်းနိုင်ရန် ကြိုးစားနေကျသော ဘောလုံးအသင်းနှစ်သင်းကြားထဲမှ ရွှေအိုရောင် ဆံနွယ်ပျော့လေးနှင့် Kim Taehyungက ထင်ထင်ရှားရှား။
"ဟေ့ Kim Taehyungကွ...Kim Taehyung"
တစ်ဖက်အသင်းကို Taehyungကလှလှပပ ဂိုးသွင်းနိုင်လိုက်သဖြင့် လက်ခုပ်သံတွေ အော်ဟစ်အားပေးသံတွေ ဆူညံသွားလေသည်။
"ရယ်နေတယ် ရယ်နေတယ်ဟေ့၊ သူရယ်တာလေး မြင်ရတာ ရင်ထဲကိုအေးသွားတာဘဲ"
"ဒီလိုမှန်းသိရင် ကင်မရာ ရောယူလာပါတယ်"
အဖြစ်သည်းနေကြသော မိန်းကလေးတစ်စုအသံ။ဒီအသံတွေကို Jimin အော့နှလုံးနာတယ်။
"ဒီဘက်ကို လှည့်ပြီး လက်ပြနေတယ်"
ဒီလောက်ရှုးသွပ်နေကြသူတွေ၊တကယ်တော့ Taehyungလက်ပြနေတာ သူ့သူငယ်ချင်းတွေကို။ တစ်ချို့က Taehyungဆီကို လက်ဆောင်ပစ္စည်းတွေ လှမ်းပေးကြသည်။Taehyungက မည်သည့်ပစ္စည်းကိုမှ ကောက်ယူခြင်းမရှိပေ။
"ထယ်က ဒီလိုနေရာမှာ ငါတို့ထက်သာတယ်နော်"
"သူက စွယ်စုံကျမ်းမင်းသားလေ"
"ငါတို့သုံးယောက်ထဲမာ ငကုမင်းအညံ့ဆုံးနော်"
"အချင်းချင်း ကပ်ဖဲ့နေပြန်ပြီ Hyungကလည်း"
"ဟားဟား.......မဟုတ်တာကျလို့"
"အချင်းချင်းမနိုမ်ပါနဲ့ဗျာ၊ ပိုးဟပ်နဲ့တီကောင်ကလွဲရင်၊ကျားတောင် နပန်းလုံးရဲတယ်၊ စိန်လိုက်"
"အရုပ်ကျားလား"
"သဘောပေါက်လွယ်သားဘဲ"
Jeon Jungkookက ပခုံးချင်းတိုက်၍ ရယ်လေသည်။သူတို့သုံးေယာက်ထဲမာ Taehyungက ဘောလုံး၊တင်းနစ်၊ဘော်လီဘော စသည့် အားကစားတွေမှာ တော်သလို အနုပညာဆိုရင်လည်း ပန်းချီနှင့်သီချင်းဆိုမှာတော်သည်။Yoongiကpianoတီးတာနဲ့Basketballဆော့တာမှာ ထိုက်သင့်သလောက်တော်သည်။ဘာကိုမှလေ့လာလိုက်စားစရာမလိုဘဲမိန်းကလေးတွေထည်လဲတွဲတဲ့နေရာတော့ Jeon Jungkookသာ။
"မင်း Taehyungအဖော်ရအောင်ဖြစ်ဖြစ်၊ Hyungအဖော်ရအောင်ဖြစ်ဖြစ် အားကစားတစ်ခုခုတော့ သင်ဖြစ်အောင်သင်ကွာ ငကု"

YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...