သူ့ကိုယ်သူခေတ်သစ်နတ်သျှင်နောင်ပါဟုကြွေးကြော်၍ အရွယ်မတူ မမတစ်ယောက်ကို ချစ်ဖူးခဲ့သော Min Yoongi မှာဆယ့်ခြောက်နှစ်သားဘဝဆယ်တန်းအောင်စမှာပင် အသည်းကွဲ၍ ဘဝအမောထဲမှာဖြတ်သန်းဖူး၏။အချစ်ဆိုတဲ့အရာကိုကြောက်လှပါပြီဆိုမှ သူမက တစ်ကျော့ပြန်လာသတဲ့။
Jungkookနှင့် Taehyungကိုကြည့်၍ Yoongiက........
"မင်းတို့နှစ်ယောက်ထဲက တစ်ယောက်ဖုန်းချင်းလဲကိုင်ပေးကွာ"
Yoongiရဲ့မျက်မှာကို Jungkookနှင့် Taehyungတို့ကြည့်၍ တအံ့တဩဖြင့်...
"ဘာဖြစ်တာလည်း"
"သူနဲ့ စကားမပြောချင်လို့"
"ဒီလိုရှောင်နေလို့ hyung လွတ်မှာတဲ့လား၊သေချာစဉ်းစားအုံး"
"hyung စဉ်းစာပြီးပြီ၊အတတ်နိုင်ဆုံး ရှောင်ရမှာပေါ့ကွာ"
ဒီတစ်ခါYoongiတို့ တည်ငြိမ်နေ၏။ကျွန်တော်တို့နဲ့တွေ့တိုင်း အမြဲပြုံးနေတတ်သော နူတ်ခမ်းတွေက ဒီနေ့တော့ တည်တည်ငြိမ်ငြိမ်။
"အရင်တုန်းက hyungပဲ သည်းသည်းလှုပ်ခိုက်တာဆို"
"အခုလည်း သူ့ကို မမုန်းပါဘူး"
"ဒါဆိုချစ်နေတုန်းပေါ့"
"မဟုတ်ပူးကွ၊နာကြည်းခဲ့တာ၊နာကျင်ခဲ့တာဆိုပိုမှန်မယ်"
ဒါမှန်ကန်သောစကား၊ရင်ထဲကလာသော စကားပါ အရွယ်ငယ်ငယ်ရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့နှလုံးသားကို မာယာတွေနဲ့ သိမ်းသွင်းပြီး လိုချင်တာတွေရအောင်ယူသွားခဲ့သောယူနာ နူဆိုသော မိန်းမကို Yoongiဘဝကူးသွားတောင်ကျေနပ်မှာမဟုတ်ပေ။
ငယ်ရွယ်သေးတဲ့Yoongiတစ်ယောက် အချစ်တွေနဲ့မိုးမမြင်လေမမြင် ပျော်ရွှင်ခဲ့ဖူးသည်။ သူမနဲ့အတူပျော်ပျော်ရွှင်ရွှင်ကြည်နူးနိုင်အောင် အိမ်ကပေးတဲ့မုန့်ဖိုးမလောက်လို့ မေမေ့ရဲ့လက်ကောက်တွေကို ခိုးယူခဲ့ဖူးသည်အထိပါ။
နောက်ဆုံးတော့Yoongiခိုးပေးသော လက်ဝတ်လက်စားတွေကို ရောင်းပြီး နိုင်ငံခြားမှာရှိတဲ့ သူငယ်ချင်းရဲ့အထောင်အကူအညီဖြင့် ယူနာ နိုင်ငံခြားသို့ ထွက်သွားခဲ့လေသည်။
ယူနာထွက်သွားလို့ အသဲကွဲရတာထက် ပေါက်ပြဲသွားခဲ့တဲ့ ကိုယ်ကျင့်တရားအတွက် သူ့ကိုယ်သူ ဒေါသဖြစ်လို့မဆုံး။ မိဘမို့မေမေက မလိမ္မာ တစ်ခါမိုက်တဲ့သားမို့ ခွှင့်လွတ်နိုင်ပေမဲ့ မိန်းမတစ်ယောက်၏ လှည့်ဖြားမှုအောက်ကျရှုံးခဲ့ရတဲ့Yoongi.......သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်အောင် ဖြစ်ခဲ့ရသည်။
YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...