𝐏𝐚𝐫𝐭.9

627 39 3
                                    

"မင်းကို ကိုယ်အရမ်းချစ်တယ်၊  တစ်ခါကိုယ့်ဘဝမှာမှ မချစ်ဖူးသေးတဲ့ အချစ်မျိုးနဲ့ကို ချစ်တယ်"

Jimin ရင်ထဲမှ ပြုံးမိသည်။

"ဒီလိုပဲ ပြောရမှာပေါ့၊ ပွဲစမှတော့ ယုံအောင်ပြောရတော့မှာပေါ့နော်"

"ဘာ"

Jungkook အော်သံကြောင့် Jimin ထိတ်လန့်သွားရ၏။ ဟုတ်သားဘဲ။ ငါ့အဖြစ်က ကျားဦးခေါင်းကို သွားပုတ်လိုက်တာကိုးး။

"ကိုယ့်အချစ်တွေကို မင်းမယုံဘူးလား ‌Jimin ရယ်၊ ကိုယ်မင်းကို အရမ်းပျော်ဝင်ညွှတ်နူးမိနေတာ အားလုံးရိပ်မိကုန်ကြပါပြီ၊ မင်း မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား"

"ကျွန်တော် ဒီလို မာယာများတဲ့သူတစ်ယောက် မဟုတ်ပါပူး၊ ဒါပေမဲ့ Jungkook စကားကိုတော့ မယုံနိုင်တာ အမှန်ပဲလေ"

"ဟာကွာ မင်း"

Jungkookရင်ထဲ နှလုံးသားတွေ ကြေမြည့်သွားရသည်။ ချစ်တမ်းကစားခဲ့သည့်သူ့ကို Jimin က မယုံကြည်တော့ပါလား။

"Jimin ရယ် ကိုယ့်အဖြစ်က တကယ်ချစ်တဲ့သူနဲ့တွေ့တော့ အယုံအကြည်ကင်းမဲ့ခံရတဲ့ အဖြစ်ကြီးပါလား၊ ကိုယ့်ဂုဏ်သိက္ခာကို တိုင်တည်ပြီး လောကကြီးနဲ့ တိုင်တည်ပြီး Jimin ကိုပြောပါရစေ၊ ကိုယ့်ဘဝမှ Jimin ကိုအချစ်ရဆုံးပါ၊ ခုလို အောက်ကျနောက်ကျခံပြီး ချစ်ခွင့်ပန်မိတာလည်း Jimin တစ်ယောက်ထဲပါ၊ ယုံပါ Jimin ရယ်......နှလုံးသွေးနဲ့သက်သေတည်ပါရစေ"

သည်မျှပြောလာတော့ Jimin ယုံရတော့မလို။ သို့သော် ယုံတာကတခြား။ Jimin သူ့ကို မချစ်နိုင်ပါ။ Jimon အချစ်က Kim Taehyung ဆိုတဲ့ သူ့ထံမှာ။

သည်စဉ် Jungkookက သူ့ကို ညင်သာစွာ ပွေ့ဆွဲယူလိုက်သည်။

"အို....ခင်ဗျား ဘယ်လိုလုပ်လိုက်တာလည်း"

"Jimin ကို ကိုယ်အရမ်းမြတ်နိုးတယ်၊ ကိုယ့်ကို ပြန်ချစ်ပါ Jimin"

"ဟင့်အင်း.....ခင်ဗျားကို ကျွန်​ေတာ်မချစ်ဘူး"

"မရဘူးကွာ၊ ဒီလောက်ကြီးမားနက်ရှိုင်းတဲ့ ကိုယ့်အချစ်ကို Jimin ဥ‌ပေက္ခာမပြုလိုက်ပါနဲ့နော်၊ မခံစားနိုင်လို့ပါ"

" ကောင်းကင် ကြယ်တံခွန် "Where stories live. Discover now