"သား "
Jungkookမျက်နှာကို မော့ကြည့်လိုက်တော့။ထမင်းချက်ဒေါ်ကြီး။မျက်ဝန်းကို မဂ္ဂဇင်းဆီပြန်ပို့လိုက်၏။Jungkookက မဂ္ဂဇင်းတွေဖတ်ရတာကို အလွန်သဘောကျသည်။ဘာကြောင့်လည်းဆိုတော့ မော်ဒယ်ချောချောလေးတွေ မင်းသမီးတွေအကြောင်းကို သူ စိတ်ဝင်စားသည်။
"သား"
"ဒေါ်ကြီးကလည်းဗျာ.....ဘာလဲ ပြော"
"သား ထမင်းစားတော့မလားလို့ပါ"
"မာမီ့ကိုစောင့်ဦးမယ်"
"မမလေးက စားသွားပြီ ကလေးရဲ့၊ဒီနေ့ စောစောပြန်ရောက်တယ်"
ဒါသူတို့အိမ်သားတွေရဲ့အကျင့်။ထမင်းစားလျှင် ကြုံရာလူက စားနှင့်သည်။မိသားစု စုံစုံညီညီ ထမင်းပွဲဆိုတာမရှိသလောက်ရှားသည်။တစ်ခါတလေ မာမီနှင့်ဖြစ်ဖြစ် ဒယ်ဒီ နှင့်ဖြစ်ဖြစ် ထမင်းအတူစားကြည့်ချင်ပါသည်။
"ဒါဆို ဒယ်ဒီ့ကို စောင့်မယ်"
"အစ်ကိုကြီးက အလုပ်ကိစ္စနဲ့ အပြင်သွားတယ် ဒီည အိမ်မပြန်ဘူး"
"ဒေါ်ကြီး"
"ပြောလေ ကလေး"
"မိသားစုဆိုတာ ဘာကိုခေါ်တာလဲ"
"အဲဒါ.........."
"သူများတွေပြောတဲ့ မိသားစုဘဝလေးဆိုတာသိပ်နွေးထွေးပြီး အရမ်းပျော်စရာကောင်းတယ်တဲ့၊ကျွန်တော့မာ မိဘအစုံအလင်ရှိရဲ့သားနဲ့ ဘာဖြစ်လို့ အဲ့ဒီလိုဘဝမျိုးကို မရတာလည်းဟင်"
သူမဘယ်လိုဖြေရပါ့မလည်း။ဒီကလေးဘာကိုဆိုလိုတယ်ဆိုတာ သူမသိသည်။ဒီကလေးငယ်ငယ်လေးကတည်းက သူမလက်ပေါ်မှာ ကြီးပြင်းလာခဲ့ရတာ။လင်နဲ့မယား စီးပွားအပြိုင်ရှာနေကြသည့်ကြားထဲမှာ ကလေးက မိဘမေတ္တာကင်းဝေးသည်။
ကလေးထိန်းငှားပြီး မိုးလင်းထွက်သွား၊မိုးချုပ်မှ အိမ်ပြန်လာကျ၏။ဒါကြောင့် Jungkookက မိဘရင်ခွင်ထဲနွေးထွေးစွာ မနေခဲ့ဖူး။ရွှေဆိုရွှေ၊ငွေဆိုငွေလိုသမျှရနေခြဲပေမဲ့ အကြင်နာရင်ငွေ့ကတော့ပျောက်ကွယ်နေခဲ့သည်။ကြာတော့ မိဘနှင့်ကလေးကြား နွေးထွေးမှုမရှိဘဲ စိမ်းသက်လာခဲ့သည်။
![](https://img.wattpad.com/cover/297685398-288-k824892.jpg)
YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...