" ကျွန်တော်တို့ကို ခေါ်လိုက်ရောပေါ့ "
သူတို့အသံကြောင့် Jungkook ပါTaehyung နှင့် Seok Jin ကိုမြင်သွားခဲ့သည်။ Jungkook က...
" အကြံတူတွေတော့ တွေ့နေပြီ "
" ကိုယ်တွေက ရိုးရိုးသားသားပါ "
" ရိုးနေပြီပေါ့လေ၊ တွဲခဲ့တဲ့နှစ်တွေက ကြာပြီဆိုတော့ "
" အချစ်မာရိုးတယ် ဆန်းတယ် မရှိပါဘူး၊ တစ်သက်လုံး ရိုးမြေကျချစ်မယ့် အချစ်ဟာ ကြာလေ ဆန်းသစ်လေပါပဲ "
" ကြိုက်တယ်ကွာ၊ မိုက်တယ်၊ Taeစကားတွေကတော့ တကယ့်ကို လန်ထွက်နေတာပဲ "
Jimin မချိုပြုံးနှင့် Taehyung စကားတွေကို နားထောင်နေရသည်။ Taehyung စကားတွေက နူးညံ့ယဉ်ကျေးသလောက် Jungkook စကားတွေကတော့ ပေါ့ပျက်ပျက်။
ရုပ်ရှင်ထဲမှာ နောက်တစ်ကြိမ်ပစ်ခတ်၊သတ်ဖြတ်ကြလျှင် Jimin မခံစားနိုင်တော့။
" တော်ပြီ Jungkook, ကျွန်တော်ပြန်တော့မယ်၊ ခေါင်းတွေမူးနောက်လာပြီ "
" Jimin ကလည်းကွာ၊ နေပါဦး၊ ဒီမာဇာတ်ရှိန်တက်နေတုန်း "
သူ့ဆန္ဒအတိုင်း Jimin ငြိမ်သက်နေရပြန်၏။ သူ့ရင်ထဲမှာ တလှပ်လှပ်ခုန်လာ၍ မျက်စိမှိတ်ခါ နားထင်နှစ်ဖက်ကို နှိပ်ထားရသည်။
Jungkook ဟာ မညာတာတတ်ပါလား။ အရာရာ အနိုင်ယူပြီး သူ့ဆန္ဒအတိုင်းလုပ်ဆောင်မည့်သူပါလား။
သည်စဉ် သူ့လက်ထဲသို့ အော်ဒီကလုန်းစွတ်ထားသည့် လက်ကိုင်ပဝါလေး ရောက်လာခဲ့ပြန်သည်။ Taehyung ပေးခြင်းပါဘဲ။ Jimin ရင်ထဲ နာကျင်မှုမျက်ရည်တွေက ဝဲတက်လာခဲ့သည်။
လောကကြီးဟာ ဘယ်လိုလဲ။
Jungkook က ကိုယ့်ချစ်သူထက် ရုပ်ရှင်ကိုပိုစိတ်ဝင်စားတယ်။
Taehyung ကဝောာ့ ကိုယ့်ဘေးက ချစ်သူထက် သူတစ်ပါးကို စိတ်ဝင်စားနေတယ်၊ ဘာဘဲဖြစ်ဖြစ် Taehyung ကို သစ္စာရှိတဲ့ လူတစ်ယောက်အဖြစ်ပဲ
Jimin မြင်ချင်ပါသည်။ရုပ်ရှင်ကထွက်လာခဲ့ကြတော့ Seok Jinက သူမအနားသို့ကပ်ပြီး...
" မနက်ဖြန် ကိုယ် Jimin ကိုလာတွေ့မယ် "
YOU ARE READING
" ကောင်းကင် ကြယ်တံခွန် "
FanfictionUnicode "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့် ဘဝရဲ့အလင်းရောင်လေးးပါဘဲ " Zawgi "လူချောချောလေးမောင်ဟာ ကျွန်တော့် အတွက်တော့ ကောင်းကင်ကြယ်တံခွန် အလင်းတန်းလေးပါပဲ.............. ကျွန်တော့်...